close

ဘိလိယက်ခုံ

close

March 17, 2022

မိုးကုတ်မြို့က ဘိလိယက်ခုံကို စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်ဖမ်းဆီး၊ ၃ ဦး ကျည်ထိမှန်

မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်ပန်းမကျောက်သပိတ်ရပ်ကွက်က ဘိလိယက်ခုံကို မတ် ၁၆ ရက် ည ၉ နာရီလောက် စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ် ဖမ်းဆီးတာကြောင့် ၃ ဦး ကျည်ထိမှန်ခဲ့ပြီး ၅ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ကြူခုံထဲကို သေနတ်နဲ့ရမ်းပစ်ပြီး ဖမ်းတာ၊ အနီးအနားအိမ်က မှန်တွေပါ ထိပြီး ကွဲတယ်၊ သေနတ်နဲ့ဝင်ပစ်ပြီး ဖမ်းတာဆိုတော့ ၃ ယောက် ကျည်ထိသွားတယ်” လို့ ပြောပါတယ်။
ဘိလိယက်ခုံထဲကို ဘာကြောင့် ဝင်ရောက် ပစ်ခတ်ဖမ်းဆီးတယ်ဆိုတာ မသိရသေးဘဲ ကျည်ထိမှန်သူတွေကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့က ကျပ်ပြင်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးအနား ရပ်ကွက်တွေကို တအိမ်တက်ဆင်း လိုက်လံရှာဖွေခဲ့ပြီး နေအိမ်တခုအတွင်း ကျောက်မျက်တွင်းလုပ်ရာမှာသုံးတဲ့ ယမ်းတုံးမိတာကြောင့် ၁ ဦးကို ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။
"အိမ်ထဲမှာ ယမ်းတုံးမိလို့ဆိုပြီး ဖမ်းတာ၊ အဲ့အိမ်ကလူက စစ်တပ်ကလူတွေကို လေးခွနဲ့ ပစ်လိုက်တာ၊ စစ်သားတွေက ပြန်ပစ်တော့ နဖူးကိုထိသွားတယ်၊ သေမသေတော့ အတိအကျ မသိရသေးဘူး။"
စစ်ကောင်စီတပ်က မိုးကုတ်မြို့အရှေ့ပိုင်းမှာ စစ်ကားတွေနဲ့ တန်းစီလှည့်လည် စစ်ဆေးနေသလို အနောက်ပိုင်းမှာလည်း စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

42 seconds Ago

October 21, 2021

မိုးကုတ်တွင် စစ်တပ်က ဘိလိယက်ခုံမှ လူ ၂ ဦးကို ဖမ်းဆီး၊ ဆိုင်ကယ် ၅ စီး သိမ်းယူ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အောက်တိုဘာ ၂၀ ရက်ညပိုင်းက   စစ်ကောင်စီတပ်တွေက ဘိလိယက်ခုံ ဆိုင်တဆိုင်ကို ဝင်ရောက်ပြီး အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားသလို ဆိုင်ရှေ့ ရပ်ထားတဲ့ ဆိုင်ကယ် ၅ စီးကို သိမ်းသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

မိုးကုတ်မြို့၊ ညောင်ပင်ကြီးရပ်ကွက်မှာဖွင့်လှစ်ထားတဲ့ ဘိလိယက်ခုံဟာ မနေ့ည ၉ နာရီကျော်လောက်အထိ ဆိုင်ဖွင့်တာကြောင့် စစ်ကောင်စီတပ်တွေ ဆိုင်ထဲဝင်လာပြီး လူ ၂ ဦးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ 

"ကျူခုံကို  ည အချိန်ကျော် ဖွင့်လို့ ဆိုပြီး ဝင်လာတာ။ သူတို့ဝင်လာတာကို ဘုကြည့်ကြည့်တယ်ဆို ပြီး ဖမ်းသွားတာ။ ခုတော့လွှတ်လား၊ မလွှတ်လား မသိရသေးဘူး။ ဆိုင်ကယ် ၅ စီးလည်း သိမ်းသွားတယ် "လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့ည သီတင်းကျွတ်လပြည့်နေ့ဖြစ်တာကြောင့် ညပိုင်းမှာလည်း ဗျောက်အိုးဖောက်သံတွေနဲ့အတူ သေနတ်ပစ်သံတွေကိုလည်း ကြားခဲ့ရပြီး စစ်ကောင်စီတပ်တွေက ပစ်တာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က အရင်ရက်တွေမှာ ညဘက် မီးဖြတ်ပြီး လူငယ်တွေကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။  အောက်တိုဘာ ၁၉ ရက်ကတော့ မိုးကုတ်အချုပ်ကနေ   လူငယ် ၂ ဦး ပြန်လွတ်လာပါတယ်။ 

မိုးကုတ်မြို့မှာ စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး စစ်တပ်ပိုင်  Mytel တမျိုးသာ  အင်တာနက်အသုံးပြုလို့ ရတာကြောင့် ပြည်သူတွေအနေနဲ့ သတင်းတွေကို အရင်ကလောက်မ သိရဘူးလို့လည်း ဆိုပါတယ်။

5 months Ago
Up