close

ဘိသိက်ခံ

close

May 7, 2023

ချားလ်စ်ဘုရင် ဘိသိက်ခံ အခမ်းအနား ကျင်းပ

ဗြိတိန်နိုင်ငံရဲ့ ဆယ်စုနှစ် ၇ ခုကြာကာလအတွင်း အကြီးမားဆုံး အခမ်းအနားကို မေ ၆ ရက်မှာ ကျင်းပပြီး တတိယမြောက် ချားလ်စ်ဘုရင်ဟာ  ဘိသိက်ခံ သရဖူ ဆောင်းခဲ့ပါတယ်။

ဒါဟာ ခေတ်သစ်နဲ့ အံဝင်ခွင်ကျရှိတဲ့ ဘုရင်စနစ်ရဲ့ နှစ်ပေါင်း ၁၀၀၀ သမိုင်းကြောင်းကို ခမ်းခမ်းနားနား အလှပြတဲ့ ပွဲလည်း ဖြစ်ပါတယ်။ 

ကမ္ဘာ့ခေါင်းဆောင် ၁၀၀ လောက်နဲ့ သန်းပေါင်းများစွာသော ရုပ်မြင်သံကြား ပရိသတ်တွေ ဒီပွဲကို စောင့်ကြည့်ခဲ့ပါတယ်။

အန်ဂလိကန်ဘုရားကျောင်း ခေါင်းဆောင် ကန်တာဘာရီ ဂိုဏ်းချုပ်က သက်တမ်း နှစ် ၃၆၀ ရှိပြီ ဖြစ်တဲ့ စိန့်အက်ဒဝပ်သရဖူကို ချားလ်စ်ဘုရင်ရဲ့ ခေါင်းပေါ် ဖြည်းဖြည်း ဆောင်းပေး ခဲ့ပါတယ်။

သေနတ်နဲ့ အလေးပြုရင်း၊ ထောင်နှင့်ချီတဲ့ စစ်သားတွေက သုံးကြိမ်တိုင်တိုင် ကြွေးကြော်ခဲ့ကြ ပါတယ်။

ဘုရင်နဲ့ မိဖုရားတို့ဟာ ဘက်ကင်ဟမ်နန်းတော်ရဲ့ လသာဆောင်ကနေ The Mall လမ်းမကြီး ပေါ်မှာ စုဝေးကြတဲ့ လူအုပ်ကြီးဆီကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ပါတယ်။ လာကြည့်သူတိုင်းကတော့ ချားလ်စ်ဘုရင်ကို ထောက်ခံသူတွေ မဟုတ်ကြပါဘူး။ 

ရာနှင့်ချီတဲ့ ရီပတ်ဗလစ်ကန်တွေက "ကျွန်တော်တို့ရဲ့ ဘုရင် မဟုတ်" လို့ရေးထားတဲ့ စာတန်းတွေ ကို ဝှေ့ယမ်းခဲ့ကြပါတယ်။  ရီပတ်ဘလစ်ကန်မဲဆွယ်ရေး ခေါင်းဆောင် အပါအဝင် လူ ၅၂ဦး ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ The Republic campaign အဖွဲ့ က ပြောခဲ့ပါတယ်။

8 mins Ago
Up