ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းက ရင်ခွင်ပိုက် လသား ကလေးငယ် အပါအဝင် ရိုဟင်ဂျာ ၁၀၀ ကျော်ကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ကဒုံကနိကျေးရွာအုပ်စု ကဒုံးလေးကျွန်းအနီးမှာ စက်လှေ ဝမ်းဗိုက်ပေါက် သောင်တင်နေစဉ် စက်လှေပေါ်ကနေ ရိုဟင်ဂျာ ၁၁၂ ယောက်ကို ဘိုကလေးမြို့မ ရဲစခန်းက သွားရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက “ရခိုင်ပြည်နယ်ကနေ မလေးရှားကို ထွက်မယ့် သင်္ဘောက ဒုံးလေးကျွန်းနားမှာ စက်လှေ ဝမ်းဗိုက်ပေါက် သောင်တင်နေတာကို လှမ်းသတင်းပို့လို့ သွားဖမ်းတာ။ လသားကလေးတွေကော အသက်မပြည့်သေးတဲ့ ကလေးတွေကော အားလုံးပေါင်း ၁၁၂ ယောက် ဖမ်းမိတယ်”လို့ ပြောပါတယ်။
လတ်တလော စက်လှေပေါ်ကနေဖမ်းဆီးမိတဲ့ လသား ကလေးငယ် ၃ ဦး အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေးငယ် ၁၂ ဦး၊ အမျိုးသား ၅၇ ဦး၊ အမျိုးသမီး ၄၃ ဦး၊ စုစုပေါင်း ၁၁၂ ဦးတို့ကို ဘိုကလေးမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလပိုင်းကလည်း ဖျာပုံခရိုင် အမာမြို့နယ်ခွဲအတွင်းမှာ စက်လှေပျက်လို့ မျောပါလာတဲ့ ရိုဟင်ဂျာ ကလေးငယ် အပါအဝင် အမျိုးသား၊ အမျိုးသမီး ၄၈ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်က ရိုဟင်ဂျာလူမျိုး ၁၁၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
ကဒုံကနိကျေးရွာအုပ်စု ကဒုံးလေးကျွန်းနားမှာ စက်လှေနစ်မြုပ်ပြီး သောင်တင်နေချိန် ကလေးငယ် ၁၂ ဦး၊ အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၄၃ ဦး စုစုပေါင်း ၁၁၂ ဦးကို ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။
''သူတို့က မနက်အစောပိုင်း ၂ နာရီလောက်မှာ စက်လှေမြုပ်တာလို့ ဒေသခံတွေက ပြောတယ်။ ကမ်းကို ကူးလာပြီး သွားစရာမရှိတော့ ဒေသခံတွေ ဆက်သွယ်လာတာနဲ့ ဖမ်းမိတာ' 'လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ရခိုင်ပြည်နယ်ဘက်ကလို့ ကနဦးသိထားရပြီ စက်လှေမောင်းသူကိုတော့ ဖမ်းမိတဲ့အထဲမှာ မပါဝင်ဘူးလို့ ဆိုပါတယ်။
စက်လှေနစ်မြုပ်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဖမ်းဆီးတာခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၁၂ ဦးကို ဘိုကလေးမြို့မရဲစခန်း အချုပ်ကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။