close

ဘိုချန်အသင်း

close

February 12, 2023

ဘိုင်ယန်မြူးနစ်အသင်း ဘိုချန်အသင်းကို ၃ ဂိုးပြတ်နိုင်

စနေနေ့က ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ နာမည်ကြီး ဘိုင်ယန်မြူးနစ်က ဘိုချန်အသင်းကို  ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။

ဘိုင်ယန်အတွက် အဖွင့်ဂိုးကို ပထမပိုင်းမှာ တိုက်စစ်မှူး သောမတ်စ်မူလာက သွင်းယူခဲ့ပြီး ဒီပွဲမှာ ဘိုင်ယန်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဂိုးပေါက် ကန်သွင်းခွင့် အကြိမ်ရေ ၁၂ ကြိမ်အထိ ရခဲ့ပါတယ်။ ဒုတိယဂိုးကို  ကိုးလ်မန်း၊ တတိယဂိုးကို  နာဘရီက သွင်းယူပါတယ်။

ဒီပွဲနိုင်တဲ့ ဘိုင်ယန်မြူးနစ်က အမှတ်ပေးဇယားမှာ ၄၃ မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာက ယူနီယံဘာလင်အသင်းထက် တစ်မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။ ဘိုင်ယန်အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ရုန်းကန်ခဲ့ရပြီး သရေပွဲတွေ များခဲ့ပါတယ်။

ဘိုင်ယန်အသင်းဟာ လာမယ့် အင်္ဂါနေ့မှာ ချန်ပီယံရှုံးထွက် ပထမအကျော့ပွဲစဉ်အဖြစ် နာမည်ကြီး ပီအက်စ်ဂျီသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

11 mins Ago
Up