အသင်းလိုက် ဓာတ်ပုံရိုက်ကူးရာမှာ ယုံကြည်ရာဘာသာရေးအရ လုပ်ဆောင်ခဲ့တဲ့ တိုက်စစ်မှူး မာနေးကို ဘိုင်ယန်မြူးနစ်ပရိသတ်တွေက ချီးကျူးပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ တနင်္လာနေ့က အသင်းလိုက် ဓာတ်ပုံရိုက်ကူးခဲ့ရာမှာ ဂျာမန်တွေရဲ့ဓလေ့ထုံးစံအတိုင်း ကစားသမားတွေက ဘီယာခွက်တွေကိုယ်စီကိုင်မြှောက်ပြီး ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။
ဒါပေမဲ့ မွတ်စလင်တစ်ဦးဖြစ်တဲ့ မာနေးကတော့ ဘာသာရေးယုံကြည်ချက်အရ ဘီယာခွက်ကိုကိုင်ထားခြင်းမရှိဘဲ ဒီအတိုင်းပဲထိုင်ပြီး ဓာတ်ပုံအရိုက်ခံခဲ့တာပါ။
မားနေးအပြင် နောက်ထပ်ဘိုင်ယန်မြူးနစ်ကစားသမားတစ်ဦးဖြစ်သူ မက်ဇ်ရာအိုယူဟာလည်း ဘီယာခွက်ကိုင်မြှောက်ခြင်းမရှိခဲ့ပါဘူး။
ဘိုင်ယန်ပရိသတ်တွေကတော့ မာနေးဟာ အခြေအနေဘယ်လိုပဲဖြစ်နေနေ ဘာသာရေးအသိကို မမေ့လျော့သူဖြစ်ကြောင်း ချီးကျူးခဲ့ကြတာပါ။
ဒါ့အပြင် “အလွန်အတုယူစရာကောင်းတယ်။ မင်းယုံကြည်ရာအမှန်တရားအတိုင်း ဆက်နေပါ” လို့ မာနေးရဲ့အပြုအမှုကို ပရိသတ်တစ်ဦးကချီးကျူးရေးသားခဲ့ပါတယ်။