close

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး

close

November 9, 2022

ဇန်နဝါရီအပြောင်းအရွှေ့တွင် မန်ယူအသင်းမှ စီရော်နယ်ဒို ထွက်ခွာနိုင်

တိုက်စစ်မှူး စီရော်နယ်ဒိုဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ယူအသင်းကနေ ထွက်ခွာနိုင်တယ်လို့ စကိုင်းစပေါ့သတင်းမှာ ခန့်မှန်းရေးသားထားပါတယ်။

စကိုင်းစပေါ့သတင်းထောက် ဖလော်ရီယန် ပလက်တန်ဘက်ချ်ရဲ့ ဖော်ပြချက်အရ မန်ယူအသင်းသားတွေကြားမှာ ရော်နယ်ဒို ထွက်ခွာဖို့ မျှော်လင့်နေကြပြီး နည်းပြတန်ဟတ်ဂ်ကလည်း ရော်နယ်ဒိုနေရာအတွက် တိုက်စစ်မှူးတဦးခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။

ရော်နယ်ဒို ထွက်ခွာမယ်ဆိုရင် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ချူပိုမော့တီးကို ခေါ်ယူဖို့ လျာထားတယ်လို့ ဆိုပါတယ်။

အသက် ၃၃ နှစ်ရှိ ကင်မရွန်းတိုက်စစ်မှူး ချုပိုမော့တီးဟာ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံမှာ ၁၀ ဂိုး သွင်းယူထားပါတယ်။

ရော်နယ်ဒိုဟာ ရာသီအစကတည်းက အသင်းကနေ ထွက်ခွာချင်ကြောင်း ပြောခဲ့ပေမဲ့ အဆင်မပြေ ဖြစ်ခဲ့တာပါ။ ရော်နယ်ဒိုဟာ အသင်းဟောင်း စပို့တင်းလစ္စဘွန်းဆီ ပြန်လည် ပြောင်းရွှေ့နိုင်တယ်လို့ သိရပါတယ်။

1 hour Ago
Up