နော်ဝေကလပ် ဘိုဒိုဂလစ်အသင်းဟာ အာဆင်နယ်နဲ့ ကစားရမယ့် အိမ်ကွင်းပွဲစဉ်မှာ ပြိုင်ဘက် အာဆင်နယ်အင်္ကျီတွေ ဝတ်မလာကြဖို့ သတင်းထုတ်ပြန်ပါတယ်။
အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ နော်ဝေလက်ရွေးစင်တဦးဖြစ်သလို အသင်းခေါင်းဆောင်လည်း ဖြစ်တာကြောင့် နော်ဝေနိုင်ငံမှာ အာဆင်နယ်ပရိသတ်တွေ ရှိကြပါတယ်။
အဲဒီထဲမှာ ဘိုဒိုဂလစ်ပရိသတ်တွေလည်း ပါဝင်တာကြောင့် အာဆင်နယ်အင်္ကျီတွေ ဝတ်မလာဖို့ အသင်းဘက်က ကြိုတင်တားမြစ်ခဲ့တာပါ။
နော်ဝေနိုင်ငံမှာ အာဆင်နယ်အသင်း ပရိသတ်အဖွဲ့အစည်းက တရားဝင်ရှိပြီး အိုဒီဂတ်ဟာ မိခင်နိုင်ငံက ကလပ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲအတွက် စိတ်လှုပ်ရှားနေကြတာပါ။
အာဆင်နယ်အသင်းအင်္ကျီ ဝတ်လာမယ်ဆိုရင်တော့ အဝေးကွင်းပရိသတ်တွေ ကြည့်ရှုရမယ့် ပွဲကြည့်စင်ကိုပဲ သွားရောက်ကြည့်ရှုရမှာဖြစ်ပြီး အိမ်ကွင်းပွဲကြည့်စင်တန်းမှာ ကြည့်ရှုခွင့်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။