close

ဘိုရိုဒရန်ကာမြို့

close

March 4, 2022

ရုရှားတပ်များ ဘိုရိုဒရန်ကာမြို့ကို ဗုံးကြဲဖျက်ဆီး

မတ်လ ၂ ရက်နေ့က ရုရှားရဲ့ ဗုံးကြဲမှု အများအပြားခံခဲ့ရတဲ့ ကိယက်ဗ်မြို့ အနောက်မြောက်ဘက် ဘိုရိုဒရန်ကာမြို့မှာ အဆောက်အအုံတွေ လူနေအိမ်တွေ စစ်ဘက်ယာဉ်တွေ မီးလောင် ပျက်စီးနေ တာကို ဒေသခံတွေက ပြန်ပြောပြပါတယ်။ 

ဒေသခံတဦးက လောင်စာဆီထည့်ထားတဲ့ မိုလိုတော့ဗ် ကော့တေးလ် ပုလင်းနဲ့ ရုရှားတင့်ကားကို တိုက်ခိုက်တာကိုလည်း ပြန်ပြောတာပါ။ 

အသက်ကြီးအမျိုးသမီးတဦးက သူ့အိမ် ရုရှားဗုံး ထိမှတ်ပြီး ပြိုကျခဲ့တဲ့အကြောင်း ပြောပါတယ်။ ရုရှားတပ်တွေက ကိယက်ဗ်မြို့ရှိ အစိုးရကို မဖြုတ်ချနိုင်သေးပေမဲ့ ဒေသခံ ထောင်ချီသေဆုံးခဲ့ပြီး လူ ၁ သန်းကျော် မြို့ကို စွန့်ခွာသွားကြပါပြီ။

ကျူးကျော်မှု ၈ ရက်မြောက်နေ့မှာတော့ ရုရှားတပ်တွေက ယူကရိန်းတောင်ပိုင်း ခါဆန် ဆိပ်ကမ်းမြို့လယ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

နီပရိုမြစ်က ပင်လယ်နက်ထဲ စီးဆင်းနေတဲ့နေရာ ခါဆန်မြို့ဟာ ရုရှားတို့လက်ထဲ ပထမဆုံး ကျရောက်တဲ့ မဟာဗျူဟာအရ အရေးပါတဲ့မြို့ပါ။

10 mins Ago
Up