ဘိုလီးဗီးယားနိုင်ငံ မြို့တော် လာပဲ့ဇ်နဲ့ ဆူခရီမြို့တို့ကြား သမိုင်းဝင်သတ္ထုတွင်းမြို့ အိုရူရိုမှာ ဂီတပညာရှင် အယောက် ငါးထောင် လာရောက်စုရုံးပြီး ဘိုလီးဗီးယား ရိုးရာသီချင်းတွေကို သီဆိုတီးမှုတ်ရင်း ပျော်ပွဲရွှင်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။
ဖျော်ဖြေပွဲတွေကို ကြည့်ဖို့ စိတ်အားထက်သန်နေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ဒေသခံတွေကြားမှာ ပွဲတော်တီးဝိုင်းတွေက ပွဲတော်သီချင်းတွေကို သီဆိုတီးမှုတ်ခဲ့ကြပါတယ်။
၂ နာရီကြာတဲ့ ပွဲအတွင်း ဂီတမှူး လေးယောက်က အလှည့်ကျ လမ်းညွှန်မှုအောက်မှာ ဂီတပညာရှင်တွေက ဖျော်ဖြေခဲ့ကြတာပါ။
အိုရူရိုစီရင်စုနဲ့ အစိုးရအာဏာပိုင်တွေနဲ့အတူ ကခုန်နေတဲ့ ပွဲတက်ရောက်သူတွေကြားမှာ ဘိုလီးဗီးယား သမ္မတ လူးဝီစ် အာဆေလည်း ပါခဲ့ပါတယ်။
အာနာတာလို့လဲ ခေါ်တဲ့ အိုရူရို ပွဲတော်ဟာ ဝါကာနတ်ဘုရားတွေကို ဂုဏ်ပြုဖို့ မြို့ကို သွားမယ့် အူရူ တိုင်းရင်းသားတွေ ကျင်းပလေ့ရှိတဲ့ ရှေးဟောင်း အစ်တို ပွဲတော်ကနေ အစပြုပါတယ်။
စပိန်တွေက ၁၇ ရာစုမှာ ဌာနေတိုင်းရင်းသား ဝတ်ပြုပွဲတွေကို တားမြစ်ပိတ်ပင် ခဲ့ပြီးတဲ့နောက် ဒီပွဲတော်ကို ခရစ်ယာန်ပွဲတော် အသွင်နဲ့ ဒီနေ့ထိ ဆက်လက် ကျင်းပခဲ့ပါတယ်။