close

ဘိုဝင်

close

May 25, 2022

အင်္ဂလန်လက်ရွေးစင်အသင်းတွင် ဂျရော့ဒ်ဘိုဝင်နှင့် ဂျက်စတင်တို့ ပထမဆုံးအကြိမ် ရွေးချယ်ခံရ

အင်္ဂလန်လက်ရွေးစင် ၂၇ ဦးစာရင်းကို နည်းပြ ဆောက်ဂိတ်က ထုတ်ပြန်ကြေညာခဲ့ရာမှာ ဝက်စ်ဟမ်းတိုက်စစ်မှူး ဘိုဝင်နဲ့ လက်စတာနောက်ခံလူ ဂျက်စတင်တို့ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ့်ဇွန်လဆန်းပိုင်းမှာ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲစဉ်တွေအဖြစ် ဟန်ဂေရီ၊ ဂျာမနီ၊ အီတလီအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။

ဝက်စ်ဟမ်းအသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ဂျရော့ဒ်ဘိုဝင်ဟာ သက်တမ်းအလိုက် လက်ရွေးစင်အသင်းတွေမှာလည်း ရွေးချယ်ခံခဲ့ရခြင်း မရှိခဲ့ဘဲ လက်ရှိအချိန်မှသာ အင်္ဂလန်အသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတာပါ။

လက်စတာ နောက်ခံလူ ဂျိမ်းစ်ဂျက်စတင်ကတော့ အင်္ဂလန်ယူ-၂၁ လက်ရွေးစင် ကစားသမားဟောင်းတဦးဖြစ်ပြီး လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ပါဝင်လာခဲ့တာပါ။

နည်းပြဆောက်ဂိတ်ဟာ အေစီမီလန်နဲ့အတူ စီးရီးအေချန်ပီယံဖြစ်ခဲ့တဲ့ နောက်ခံလူ တိုမော်ရီကိုလည်း ပြန်ခေါ်ခဲ့ပြီး အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်နဲ့ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ ဂူယီတို့ကိုလည်း ပြန်လည်ရွေးချယ်ခဲ့ပါတယ်။

လက်စတာကွင်းလယ်လူ မက်ဒီဆန်၊ အဲဗာတန်တိုက်စစ်မှူး ကယ်ဗက်လီဝင်၊ လီဗာပူးကွင်းလယ်လူ ဟန်ဒါဆန်၊ ဗီလာနောက်ခံလူ တိုင်ရုန်မင်စ်တို့ကိုတော့ နည်းပြဆောက်ဂိတ်က ချန်လှပ်ခဲ့ပါတယ်။

2 mins Ago
Up