ဘီလာရုစ်နိုင်ငံက တာတိုအပြေးမယ်ကို အမိန့်မနာခံမှုနဲ့ အိမ်ပြန့်ပို့ခံခဲ့ရပေမဲ့ အိမ်မပြန်ဖြစ်ဘဲ လေဆိပ်မှာပဲသောင်တင်နေတယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်ရှိ ဆီမာနော့ဗ်ကာယာဟာ မီတာ ၂၀၀ အပြေး မယ်ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပေမယ့် တခါမှ ဝင်မပြိုင်ဖူးတဲ့ မီတာ ၄၀၀ လေးယောက် လက်ဆင့်ကမ်းပြိုင်ပွဲဝင်ပြိုင်ဖို့ နည်းပြတွေ က ဖိအားပေးခဲ့တာပါ။ အဲဒီအပေါ်မှာ ဆီမာနော့ဗ်က ပြန်လည်ဝေဖန်ခဲ့တာကြောင့် နည်းပြတွေက ဘီလာရုစ်နိုင်ငံကို ပြန်ပို့ခဲ့ကြတာဖြစ်ပါတယ်။
ဆီမာနော့ဗ်ဟာ လေဆိပ်ရောက်ရှိချိန်မှာတော့ အိမ်မပြန်ဖြစ်တော့ဘဲ ဂျပန်လုံခြုံရေးတာဝန်ရှိသူတွေရဲ့ စောက်ရှောက်မှုနဲ့အတူ လေဆိပ်မှာဆက်ရှိနေတာပါ။
နိုင်ငံတကာအိုလံပစ်ကော်မတီနဲ့ တိုကျိုပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေဟာ ဆီမာနော့ဗ်ရဲ့ကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။
ဆီမာနော့ဗ်အနေနဲ့ အာဏာရှင်အုပ်ချုပ်တဲ့ ဘီလာရုစ်နိုင်ငံကို ပြန်ရောက်ရင် ထောင်ကျခံရဖွယ်ရှိတာကြောင့် ဥရောပနိုင်ငံ တစ်ခုခုဆီကို နိုင်ငံရေးခိုလှုံခွင့်တောင်းဖို့ ရှိနေတယ်လို့ သိရပါတယ်။