close

ဘုန်းမောက်နည်းပြ

close

November 5, 2021

ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောက်ကို ၂ နှစ်ခွဲစာချုပ်ဖြင့် နယူးကာဆယ် ခန့်အပ်

နယူးကာဆယ်အသင်းဟာ လစ်လပ်နေတဲ့ နည်းပြချုပ်ရာထူးအတွက် ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောက်ကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ 

အူနိုင်းအမ်မရီ အပါအဝင် နည်းပြတချို့နဲ့ ဆွေးနွေးခဲ့တဲ့ နယူးကာဆယ်အသင်းဟာ နောက်ဆုံးမှာတော့ ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောက်ကို  ၂ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူခန့်အပ်ခဲ့တာပါ။ 

အသက် ၄၃ နှစ်ရှိ အင်္ဂလန်လူမျိုးနည်းပြ အက်ဒီဟောက်ဟာ ပရီးမီးယားလိဂ်ကနေ ဘုန်းမောက်တန်းဆင်းခဲ့ရပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရကာ အသင်းလက်မဲ့ဖြစ်နေခဲ့သူပါ။ 

အက်ဒီဟောင်ကို အသင်းဘုတ်အဖွဲ့ဝင်အားလုံးက ထောက်ခံချက်ပေးခဲ့တာမဟုတ်ပေမယ့် ပိုင်ရှင်တစ်ဦးဖြစ်သူ အမာဒါစတန်ဗေလီရဲ့ ဆန္ဒကြောင့် ခေါ်ယူခဲ့တာလို့ သိရပါတယ်။ 

နယူးကာဆယ်အသင်းဟာ  တိုက်စစ်မှူး ဝီလ်ဆင်နဲ့ ဖရေဇာတို့လို ဘုန်းမောက်ကစားသမားဟောင်းတွေရှိပြီး နည်းပြ အက်ဒီဟောက်နဲ့ ပြန်ဆုံကြမှာဖြစ်ပါတယ်။ Sport Howe appointed

2 mins Ago
Up