close

ဘုရင့်နောင်တံတား

close

November 22, 2022

မင်္ဂလာဒုံလေတပ် ဝန်ထမ်းအိမ်ရာလုံခြုံရေးဂိတ်နှင့် ဘုရင့်နောင်တံတားတွင် ဗုံးကွဲ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ  မင်္ဂလာဒုံလေတပ်စခန်း ဝန်ထမ်းအိမ်ရာ လိုင်းခန်း လုံခြုံရေးဂိတ်နဲ့  လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်းမှာ နိုဝင်ဘာ ၂၁ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လေတပ်လိုင်းခန်း လုံခြုံရေးဂိတ်ရှေ့မှာ မနေ့ည ၈ နာရီက ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ပျက်စီးဆုံးရှုံးတချို့ရှိခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"သိရသလောက်တော့ လူထိခိုက်မှု မရှိဘူး ဂိတ်တံခါးပျက်စီးသွားတယ်လို့ပြောတယ်။ စစ်တပ်က ဗုံးတွေရှိမှာစိုးလို့ ရှာသေးတယ် မတွေ့ဘူး"လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်တွေဟာ ဝန်ထမ်းလိုင်းခန်းနေရာအနှံ့မှာ ဗုံးလက်ကျန်ရှိမရှိ ထပ်မံရှာဖွေခဲ့ပေမဲ့ မတွေ့ဘူးလို့ သိရပါတယ်။

အလားတူ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်းမှာလည်း မနေ့ည ကိုးနာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ရှမ်းချောင်းကျေးရွာနေသူတစ်ဦးက ပြောပါတယ်။

"ဗုံးပေါက်တာတော့ အသံကျယ်ကြီးပဲ လူထိမထိတော့မသိဘူး။ တံတားအဆင်းမှာတော့ လုံခြုံရေးဂိတ်ရှိတယ်"လို့ ပြောပါတယ်။

မနေ့ညနေပိုင်းကလည်း တောင်ဥက္ကလာပမြို့နယ် ၁၁ ရပ်ကွက် အောင်မေတ္တာလမ်းမပေါ်က မီးသတ်ရုံးနဲ့ပန်းခြံမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ နိုဝင်ဘာ ၁ ရက်မှ ၂၁ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး လူ ၇ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ 

4 mins Ago

August 22, 2021

လှိုင်သာယာ ဘုရင့်နောင်တံတားတွင် စစ်ကောင်စီတပ်များပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားပေါ်မှာ ဩဂုတ် ၂၂ ရက် ဒီမနက် ၈ နာရီလော်ကက လုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး အနည်းဆုံး ၁ ဦးသေဆုံးကာ ဒဏ်ရာရရှိသူတွေလည်း ရှိ​တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ချိန်မှာ မြင်တွေ့ခဲ့သူတစ်ဦးက "အပြန်အလှန်ပစ်ခတ်တာမျိုးမရှိဘဲ အလစ် အငိုက်မိသွားသလိုပဲ။ ကားတစ်စီးကဖြတ်သွားရင်း ပစ်သွားတာ၊ ရဲတွေလဲကျသွားသလို  လာပစ်တဲ့ကားကလည်း ပစ်ပြီးမောင်းသွားတာ။ ခဏအကြာမှာပစ်ခတ်သံ ထပ်ကြားရတယ်"လို့ ပြောပါတယ်။

ဘုရင့်နောင်တံတားအဆင်းမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းတစ်ခုရှိတာကြောင့် ပစ်ခတ်မှုဖြစ်ပြီး မကြာခင်မှာပဲ အဆိုပါတပ်ရင်းကတပ်ဖွဲ့ဝင်အမြောက်အမြား ရောက်ရှိလာကာ လမ်းပိတ်ထားလိုက်ပြီး ပစ်ခတ်ခံရတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို အရေးပေါ်ကားနဲ့ တင်ဆောင်သွားတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရအပြီး လက်တလောအချိန်ထိ စစ်ကောင်စီတပ်တွေက တံတားပေါ်မှာ ပိတ်ဆို့စစ်ဆေးနေပါတယ်။

1 year Ago
Up