close

ဘုရားဖူးများ စည်ကား

close

July 12, 2022

ဝါဆိုလပြည့်နေ့ ရွှေတိဂုံစေတီတော်တွင် ဘုရားဖူးများဖြင့် ပြန်လည် စည်ကား (ဓာတ်ပုံ)

ဇူလိုင် ၁၂ ရက် ဒီကနေ့ ကျရောက်တဲ့ ဝါဆိုလပြည့်နေ့မှာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မှာ ဘုရားဖူးတွေနဲ့  အများအပြားလာရောက် စည်ကားနေတာကို မြင်တွေ့ရပါတယ်။ 

၂၀၂၀ ပြည့်နှစ်က ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုကို ဟန့်တားဖို့အတွက် ဘုရားဖူးတွေကို ပိတ်ပင်ကန့်သတ်ခဲ့ရပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှာလည်း  ဘုရားဖူးတွေ လာရောက်ဖို့ အဟန့်အတားတွေ ရှိခဲ့တာဖြစ်ပါတယ်။

အခုနှစ် မှာတော့ စစ်တပ်နဲ့၊ ရဲလုံခြုံရေးတွေကိုလည်း မတွေ့ရှိရဘဲ ဘုရားလုံခြုံရေးတွေကိုပဲ ပုံမှန်အတိုင်းထားရှိတာကို တွေ့မြင်ရပါတယ်။

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ဒီမနက် ၅ နာရီရီကစတင်ပြီး အရုဏ်ဆွမ်းတော်ကြီး ဆပ်ကပ်ပူဇော်တာတွေ၊ ရွှေကြာသင်္ဃန်းလှည့်လည်ကပ်လှူပူဇော်တာတွေ၊ ဝါတွင်းသီလခံယူပွဲ စတဲ့ အခမ်းအနားတွေကို ရိုးရာမပျက်ဆက်လက်ကျင်းပခဲ့ပါတယ်။

49 seconds Ago
Up