close

ဘူလ်ဂေးရီးယားယာဉ်တိုက်မှု

close

December 4, 2021

ဘူလ်ဂေးရီးယားယာဉ်တိုက်မှုတွင် သေဆုံးသွားသူ ၁၀ ဦးအတွက် ဈာပန ကျင်းပ

ဘူလ်ဂေးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ဘတ်စ်ကားတိုက်မှုမှာ သေဆုံးခဲ့တဲ့ ကလေး ၆ ယောက်အပါအဝင် လူ ၁၀ ယောက်အတွက်  နောက်ဆုံးခရီးကို  လိုက်ပါပို့ဆောင်ဖို့အတွက် စကိုပီယာအပြင်ဘက် ရွာလေးတစ်ရွာမှာ မိုးရွာနေတဲ့ ဒီဇင်ဘာ ၃ ရက်မှာ လူရာပေါင်းများစွာ စုဝေးခဲ့ကြပါတယ်။ 

အစိမ်းရောင် ခေါင်းတလား ဆယ်လုံးကို ရွာသုသာန်မှာ ထားရှိပြီး မိသားစုတွေနဲ့ အိမ်နီးနားချင်းတွေက နှုတ်ဆက်ဆုတောင်းကြပါတယ်။

“ဒီကားတိုက်မှုမှာ မိသားစုဝင် ငါးယောက် တပြိုင်နက် ဆုံးရှုံးခဲ့ရတဲ့ ဂျာဟီမိသားစုရဲ့ အိမ်နီးချင်း နူရီဒင်ဘာဂျမီက ဒီဖြစ်ရပ်ဟာ ကျနော်တို့အတွက်သာမက တစ်ရွာလုံးအတွက် သတင်းဆိုးကြီးပါပဲ။ သူတို့တွေဟာ လူကောင်းတွေပါ” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက်အစောပိုင်းက အစ္စတန်ဘူလ်ကနေ မြောက်မက်ဆီဒိုးနီးယားကို သွားမယ့် ခရီးသွားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးဟာ မီးလောင်မှုဖြစ်ပွားပြီးနောက် သေဆုံးသူ ၄၅ ဦးထဲမှာ သူတို့ရွာက ၁၀ ဦး ပါဝင်ခဲ့တာပါ။

သေဆုံးသူ ၄၅ ဦးရဲ့ ရုပ်အလောင်းတွေဟာ သောကြာနေ့ မွန်းလွဲပိုင်းမှာ ဘူလ်ဂေးရီးယား စစ်လေယာဉ်နှစ်စင်းနဲ့ စကိုပီယာလေဆိပ်သို့ ရောက်ရှိခဲ့ပါတယ်။ သူတို့အားလုံးကို နိုင်ငံတဝန်းရှိ မတူညီတဲ့ သုသာန်တွေမှာ သောကြာနေ့မွန်းလွဲပိုင်းက သင်္ဂြိုဟ်ခဲ့ပါတယ်။

သေဆုံးသူတွေနဲ့ ခရီးသည်အားလုံးမှာ မြောက်မက်ဆီဒိုးနီးယားမှ အယ်လ်ဘေးနီးယား လူမျိုးစုတွေ ဖြစ်ကြောင်း သိရပါတယ်။

မတော်တဆမှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းဟာ လူရဲ့အမှားကြောင့် ဖြစ်နိုင်ကြောင်း ဘူလ်ဂေးရီးယား စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

4 mins Ago
Up