close

ဘူလ်ဂေးရီးယား

close

July 3, 2022

ဘူလ်ဂေးရီးယားက ရုရှားသံတမန်များကို နှင်ထုတ်သည့်အပေါ် ရုရှားလိုလားသူများ ဆန့်ကျင်

ဘူလ်ဂေးရီးယားနိုင်ငံမှာ ရုရှားသံတမန်ဝန်ထမ်း ၇၀ လောက်ကို သူလျှိုကိစ္စအတွက် ပြည်နှင်ဒဏ်ပေးဖို့ အစိုးရရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်ဖို့ ဇူလိုင် ၁ ရက်က မြို့တော်ဆိုဖီယာရှိ ရုရှားသံရုံးရှေ့မှာ လူ အယောက် ၆၀ လောက် စုဝေးခဲ့ကြပါတယ်။

“ရုရှားကို ဆန့်ကျင်ကန့်ကွက်ဖို့က မူမမှန်ဆုံး၊ သဘာဝမကျဆုံးပဲ။ ငါတို့က ရုရှားနဲ့ နီးစပ်တယ်”လို့ ဆန္ဒပြပွဲတက်ရောက်သူ ပင်စင်စား စပါဆိုဗာက ပြောပါတယ်။ 

ရုရှားဘက်ကလည်း အခုလိုနှင်ထုတ်တဲ့အမိန့်ကို ပြန်မပြောင်းပေးဘူးဆိုရင် ရုရှားသံရုံးကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ရာဇသံတစောင်ကို  ဇွန် ၃၀ ရက်က ထုတ်ပြန်ပြီး ဘူဂေးရီးယားအစိုးရရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်ခဲ့ပါတယ်။ 

ဘူလ်ဂေးရီးယားဝန်ကြီးချုပ် ကီရီလ် ပက်ကော့ဗ်ကလည်း ရာဇသံကို ပယ်ချလိုက်ပြီး ဘူလ်ဂေးရီးယားနိုင်ငံအပေါ် နိုင်ငံခြားသံတမန်တွေက သူတို့ရဲ့ တောင်းဆိုချက် အတိုင်း လိုက်နာဖို့နဲ့ ရာဇသံပေးတာကို ခွင့်ပြုမှာမဟုတ်ကြောင်း ပြောလိုက်ပါတယ်။ 

ဘူလ်ဂေးရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အဲလိယို နိုရာ မီထရိုဖှာ နိုဗာက ဘူလ်ဂေးရီးယား ပြည်သူတွေဆီ လိပ်မူထားတဲ့ ကြေညာချက်မှာ ရုရှားသံရုံးကို ပိတ်လိုက်ခြင်းကြောင့် မော်စကိုမြို့ရှိ ဘူလ်ဂေးရီးယားသံရုံးကိုလည်း မလွဲမသွေ ပိတ်သိမ်းရတော့မှာဖြစ်ကြောင်း ရေးသားထားပါတယ်။

အီးယူနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး တချိန်က ရုရှားရဲ့ ရင်းနှီးတဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ ဘူလ်ဂေးရီးယားနိုင်ငံရဲ့ဆုံးဖြတ်ချက်ဟာ ယူကရိန်းကို ရုရှားကျူးကျော်မှုနဲ့ ပတ်သက်လို့ ဆက်ဆံရေး သိသိသာသာယိုယွင်းလာပြီးနောက်မှာ ရုရှားသံတမန်တွေကို နှင်ထုတ်တဲ့အထိ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

3 mins Ago

June 29, 2022

ရုရှားသံတမန်ဝန်ထမ်း အယောက် ၇၀ ကို ဘူလ်ဂေးရီးယားအစိုးရ နှင်ထုတ်

ဘူလ်ဂေရီးယားအစိုးရဟာ ရုရှားသံတမန်ဝန်ထမ်း အယောက် ၇၀ ကို သူလျှိုမှု စိုးရိမ်ချက်ကြောင့် နိုင်ငံထဲကနေ နှင်ထုတ်လိုက်ပြီလို့ ဇွန် ၂၈ ရက်မှာ ဝန်ကြီးချုပ်က ပြောပါတယ်။

ရုရှားအစိုးရ ဝန်ထမ်းတွေကို နှင်ထုတ်လိုက်တာဟာ တချိန်က နီးကပ်တဲ့ မဟာမိတ် နှစ်နိုင်ငံကြား တင်းမာမှုတွေဟာ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ကျိုးအက်လာခဲ့တာပါ။

“ဒီလုပ်ရပ်ဟာ ဒီနေ့ ကျနော်တို့ ရုရှားသံတမန် အယောက် ၇၀ ကို နှင်ထုတ်ခဲ့တယ်၊ ထွက်သွားခိုင်းတာခံရသူတွေဟာ ဘူလ်ဂေးရီးယားနိုင်ငံရဲ့ အကျိုးစီးပွားကို ဆန့်ကျင် ဆောင်ရွက်နေတာကိုလည်း ဘူလ်ဂေးရီးယား လုံခြုံရေးဌာနတွေက ဖော်ထုတ်ခဲ့တယ်” လို့ ဘူလ်ဂေးရီးယားဝန်ကြီးချုပ် ကီရေးလ် ပတ်ကို့ဗ်က ပြောပါတယ်။

လတ်တလောနှစ်တွေအတွင်း ရုရှသံတမန်တွေ အများဆုံး နှင်ထုတ်ခံရတာဖြစ်ပြီး ဘောလ်ကန်ဒေသထဲက ဘူလ်ဂေးရီးယားနိုင်ငံထဲမှာ ရုရှားသံတမန် တဝက်ကျော် နှင်ထုတ်ခံရတာလည်း ဖြစ်ပါတယ်။

ရုရှားသံတမန် အမြောက်အမြားကို နှင်ထုတ်ဖို့ ဆုံးဖြတ်ချက်ဟာ ရုရှားအဖွဲ့ အရွယ်အစားကို လျှော့ချဖို့လည်း ရည်မှန်းထားလို့ ဖြစ်တယ်။ သူလျှိုလုပ်ဖို့ တရားဝင်ဗန်းစကားဖြစ်တဲ့ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယန်နာ သဘောတူညီချက်နဲ့ မကိုက်ညီတဲ့ လုပ်ရပ်တွေကို တုံ့ပြန်လိုက်တာလည်း ဖြစ်တယ်လို့ ဘူလ်ဂေးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

နှင်ထုတ်ခံ ရုရှားသံတမန်တွေဟာ ဇူလိုင် ၃ ရက် ညသန်းခေါင် နောက်ဆုံးထားပြီး နိုင်ငံထဲကနေ ထွက်သွားရမယ်၊ ရုရှားသံတမန် ဝန်ထမ်းဦးရေကို ၄၈ ယောက်သာထားဖို့ ဘူလ်ဂေးရီးယားက သတ်မှတ်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်ပြောပါတယ်။

သူလျှိုစွဲချက်တွေအတွက် ရုရှားအစိုးရဘက်က ချက်ချင်း မတုံ့ပြန်သေးပါဘူး။

4 days Ago
Up