close

ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှု

close

August 5, 2022

ဘေရွတ်ဆိပ်ကမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ၂ နှစ်မြောက်အထိမ်းအမှတ် ချီတက်ဆန္ဒပြ

ဘေရွတ်ဆိပ်ကမ်းမှာ ပေါက်ကွဲမှုကြီးဖြစ်ပွားပြီး ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လက်ဘနွန်မြို့တော်မှာ သြဂုတ် ၄ ရက်က ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ချီတက်ခဲ့ကြပြီး ပေါက်ကွဲမှုနောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ အစိုးရရဲ့ ပျက်ကွက်မှုကို ရှုတ်ချခဲ့ကြပါတယ်။

ကပ်ဘေးကို သတိတရအနေနဲ့ သြဂုတ် ၄ ရက် မွန်းလွဲပိုင်းက လူတွေစုဝေးခဲ့ကြတဲ့ မြို့တော်ရဲ့ကမ်းနားဟာ ပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးသွားတဲ့ စပါးဂိုဒေါင်တွေ ကျန်ရှိနေတဲ့ နေရာကနေ မီတာ ရာနဲ့ချီဝေးပါတယ်။

သွေးနီရောင် လက်ဗွေရာတွေ တံဆိပ်ရိုက်နှိပ်ထားတဲ့ တီရှပ်တွေကို ဝတ်ဆင်ထားတဲ့ ဆန္ဒပြသူတွေဟာ လက်ဘနွန် တရားရေးဝန်ကြီးဌာနကနေ မြို့တော် ကမ်းနားကို ချီတက်ခဲ့ကြပြီး အဲဒီကနေမှ ဘေရွတ်မြို့လယ်ရှိ လွှတ်တော်ကို ချီတက်ခဲ့ကြပါတယ်။

ဘေရွတ်မှာ ၂၀၂၀ ခုနှစ် ဩဂုတ် ၄ ရက်မှာ သမိုင်းတလျှောက် အကြီးမားဆုံး ပေါက်ကွဲမှုတွေထဲက တခုဖြစ်တဲ့ ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၂၂၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။

ဒီပေါက်ကွဲမှုကြီးဟာ ဆိပ်ကမ်းရှိ ဆိုက်ထဲမှာ သိမ်းဆည်းထားတဲ့ အမိုနီယမ်နိုက်ထရိတ် ဂိုဒေါင်ကြီးတွေကနေ ဖြစ်ပွားခဲ့ပြီး ဒါကို အစိုးရက ၂၀၁၃ ခုနှစ်ကတည်းက လျစ်လျူရှုထားခဲ့တာပါ။

ဒီဖြစ်ရပ်အတွက် အကြီးတန်းအရာရှိ အများအပြားမှာ တာဝန်ရှိကြောင်း စွပ်စွဲခံထားရပေမဲ့ ဒီကနေ့အထိ တယောက်မှ အရေးယူမခံရသေးပါဘူး။

3 hours Ago

August 11, 2020

ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုအပြီး လက်ဘနွန် အစိုးရအဖွဲ့ နုတ်ထွက်

လက်ဘနွန်ဝန်ကြီးချုပ် ဟတ်ဆန်ဒိယက်ဘ်က သူ့အစိုးရအဖွဲ့ တဖွဲ့လုံး ရာထူးက နုတ်ထွက်တယ်လို့ သြဂုတ် ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။ အားပြင်းတဲ့ ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုအပြီး နိုင်ငံ့ခေါင်းဆောင်တွေအပေါ် လူထု ဒေါသ ပုံကျခဲ့တာပါ။ ကျန်ခဲ့တဲ့ ၇ နှစ်လုံး မြို့တော်ဘေရွတ်ရဲ့ ဆိပ်ကမ်းက ကုန်လှောင်ရုံထဲမှာ အပြင်းအထန် ပေါက်ကွဲနိုင်တဲ့ပစ္စည်းတွေ ပေါက်ကွဲခဲ့တာဟာ လာဘ်ပေးလာဘ်ယူမှုတွေရဲ့ ရလဒ်ပဲလို့လည်း ဝန်ကြီးချုပ်က ရုပ်သံမိန့်ခွန်းအတွင်း ပြောပါတယ်။ သြဂုတ် ၄ ရက်နေ့က ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၁၆၃ ယောက် သေဆုံးပြီး လူ ၆,၀၀၀ ကျော် ဒဏ်ရာရခဲ့ပြီး လူ ၃ သိန်းလောက်ကတော့ နေစရာ အဆောက်အဦ မရှိတော့ဘဲ ကျန်ရစ်ခဲ့ပါတယ်။  အဲဒီနောက် လက်ဘနွန်အစိုးရဟာ ဖြုတ်သိမ်းဖို့ ဖိအားပေးတာတွေကို ခံခဲ့ရပါတယ်။ ကျန်ခဲ့တဲ့ သီတင်းပတ်ကုန် ရက်တွေမှာတင် ဝန်ကြီးအတော်များများနဲ့ လွှတ်တော်အမတ်တွေ တာဝန်က နုတ်ထွက်ပါတယ်။
2 years Ago
Up