close

ဘောလုံးရာသီ

close

November 9, 2022

၂၀၂၃-၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကျင်းပမည့်နေ့ရက် ထုတ်ပြန်

လာမယ့် ၂၀၂၃-၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကျင်းပမယ့် နေ့ရက်တွေကို တရားဝင် ထုတ်ပြန်ထားပါတယ်။

ထုံးစံအတိုင်း ရာသီအဖွင့်ပွဲစဉ်ကို ၂၀၂၃ ခုနှစ် သြဂုတ် ၁၂ ရက်မှာ စတင်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလ ၁၉ ရက်မှာ ပြီးဆုံးမှာပါ။

လာမယ့်နှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကိုဗစ်ရောဂါကပ်ဘေးလို ကိစ္စတွေကြောင့် အပြောင်းအလဲတွေ ရှိလာမှာမဟုတ်ဘဲ ပုံမှန်အတိုင်း ပြန်လည်ကျင်းပမှာပါ။

အဲဒီရာသီပြီးဆုံးချိန်မှာ ယူရို ၂၀၂၄ ပြိုင်ပွဲရှိနေပြီး ပွဲမတိုင်ခင် အနည်းဆုံး ၄ ပတ်လောက် လေ့ကျင့်ချိန်ရရှိမှာ ဖြစ်ပါတယ်။

ရာသီဝက်ကာလ နားရက်တွေလည်း ရှိလာမှာဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက်ကနေ ၂၀ ရက်အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

တနည်းအားဖြင့် အခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအပြီး ၈ ပတ်အကြာမှာ ရာသီသစ်ကို ပြန်လည်စတင်မှာ ဖြစ်ပါတယ်။

57 mins Ago

June 14, 2020

ဘောလုံးရာသီအကုန် ကာဗာနီ၊ ဆေးဗားလ်တို့နှင့် လမ်းခွဲမည်ဟု ပီအက်စ်ဂျီ အတည်ပြု

တိုက်စစ်မှူး ကာဗာနီနဲ့နောက်ခံလူ သီယာဂို ဆေးလ်ဗားတို့ဟာ ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ်လို့ ပီအက်စ်ဂျီအသင်းက အတည်ပြုခဲ့ပါတယ်။  အသက် ၃၃ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ ပီအက်စ်ဂျီသမိုင်းတလျှောက် ဂိုးအများဆုံး သွင်းယူထားပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် အခုနှစ်ရာသီမှာ ၁၄ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။  အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားနဲ့ ကာဗာနီတို့ ၂ ဦးလုံးနဲ့ လမ်းခွဲဖို့ရှိနေတယ်ဆိုတာ မှန်ကန်ပြီး လာမယ့် သြဂုတ်လကုန်အထိတော့ အသင်းမှာ ဆက်ရှိမယ်လို့ အသင်းအားကစား ဒါရိုက်တာ လီယိုနာဒိုက အတည်ပြုခဲ့တာပါ။  ဒါကြောင့် သူတို့ ၂ ဦးအနေနဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဆက်လက်ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။  အသက် ၃၅ နှစ်ရှိ အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားဟာလည်း သြဂုတ်လကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးအလွတ်နဲ့ တခြားအသင်းဆီ ပြောင်းရွှေ့ ခွင့်ရမှာဖြစ်ပါတယ်။
2 years Ago
Up