close

ဘော်ဒါဆောင်

close

December 10, 2022

နွားထိုးကြီးမြို့ရှိ အန်အယ်လ်ဒီလွှတ်တော်အမတ်ပိုင် ဘော်ဒါဆောင် မီးရှို့ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ရှိ   အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုးပိုင်ဆိုင်တဲ့ ဘော်ဒါဆောင်ကို ဒီဇင်ဘာ ၁၀ ရက် ဒီမနက် ၃ နာရီလောက်က  မီးရှို့ခံလိုက်ရတယ်လို့  မြို့ခံတွေထံက သိရပါတယ်။

မြို့ခံတဦးက “မနက်အစောကြီးပဲ ဘော်ဒါဆောင်ဘက်မှာ မီးတွေလောင်နေတဲ့ အသံတွေကြားနေရတယ်။ မီးသတ်ကားလာငြှိမ်းနေတာလည်း ကြားရတယ်။ ဘော်ဒါဆောင်က အမျိုးသားဆောင် လောင်သွားတယ်။ လူတော့ အထိအခိုက် မကြားဘူး”လို့ ပြောပါတယ်။

နွားထိုးကြီးက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုး ပိုင်ဆိုင်တဲ့ အောင်ပန်းဝေ  ဘော်ဒါဆောင်ကို  စစ်ကောင်စီကဘက်က မီးရှို့သွားတာလို့ လူထုလှုပ်ရှားမှုကော်မတီ တောင်သက သတင်းထုတ်ပြန်ထားပါတယ်။ 

ဒါပေမဲ့  ဘယ်သူက ဘယ်လို မီးရှို့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ အတည်မပြုနိုင် သေးပါဘူး။ 

နိုဝင်ဘာ ပထမပတ်မှာလည်း  နွားထိုးကြီးမြို့နယ် အန်အယ်လ်ဒီပါတီ မြို့နယ် နာယက ဦးသိန်းဌေးဝင်း ပိုင်ဆိုင်တဲ့ ကုန်စုံဆိုင် ၂ ထပ်တိုက် ၂ လုံးကိုလည်း ပျူစောထီးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

နွားထိုးကြီးမှာ အောက်တိုဘာနဲ့ နိုဝင်ဘာ ၂ လဆက်တိုက် ပျူစောထီးအဖွဲ့က အန်အယ်လ်ဒီပါတီ ခေါင်းဆောင်ပိုင်းတွေနဲ့ အကြီးစားထောက်ခံသူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ဒီဇင်ဘာ ၆ ရက်ကလည်း မင်းရွာသား ၆ ဦးကို ရွာပြင်ခေါ်ထုတ်သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့တယ်လို့ ရွာခံတွေက ဆိုပါတယ်။

14 mins Ago

July 19, 2020

ဘော်ဒါဆောင်များ မဖွင့်သေး၍ မင်းကင်းမြို့ပေါ် ပညာသင်မည့် နယ်ကျောင်းသား/သူများ အခက်ကြုံ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ က​လေးခရိုင် မင်းကင်းမြို့​ပေါ်မှာ ကျေးလက်ဒေသကနေ  အ​ခြေခံပညာအထက်တန်း​ လာရောက်သင်ကြားမဲ့ ကျောင်းသား/သူတွေ ဘော်ဒါဆောင်မရှိတာကြောင့် အခက်အခဲကြုံတွေ့နေတယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒီနှစ်မှာ​တော့ ပြီးခဲ့တဲ့နှစ်တွေကလို ​​ဘော်ဒါ​ဆောင်​တွေကို ဖွင့်ခွင့်မ​ပေး​​​သေးတာကြောင့် နယ်က(​ကျေးလက်​ဒေသ) လာ​ရောက်ပညာသင်ယူကြတဲ့ ​ကျောင်းသား/သူ​တွေဟာ လမ်းပန်းဆက်သွယ်​ရေးခက်ခဲတာအပြင် ​နေ့ချင်းပြန်တက်​ရောက်ဖို့လည်း အဆင်မ​ပြေကြတာကြောင့် အခက်အခဲဖြစ်​နေကြတာပါ။ ​မင်းကင်းမြို့မှာ တည်းခိုစရာ အ​ဆောင်သီးသန့်မရှိတာရယ်နဲ့ တည်းခိုစရာအဖြစ် အသုံးပြု​နေရတဲ့ ​ဘော်ဒါ​ဆောင်​တွေကလည်း ပိတ်ထားတာကြောင့် အခက်အခဲ ကြုံနေတာလို့ မင်းကင်းမြို့ခံ ဦးစိုးလင်း​မောင်က ပြောပါတယ်။ “အဲဒီတခုကို တာဝန်ရှိတဲ့သူ​တွေက ကိုဗစ်-၁၉ နဲ့ပတ်သက်တာဖြစ်တဲ့အတွက် ​ဟိုတယ်-အင်း ​တွေမှာ ​ဖြေ​လျော့သလိုမျိုး ​​ဘော်ဒါ​ဆောင်​တွေကိုလည်း WHO က သတ်မှတ်ချက်​တွေ၊ မြန်မာနိုင်ငံ အားကစားနဲ့ကျန်းမာ​ရေးဝန်ကြီးဌာနက သတ်မှတ်ချက်​တွေအတိုင်း လိုက်နာပြီး ဖွင့်ခွင့်​ပေးလိုက်မယ်ဆိုရင် မင်းကင်းမှာရှိတဲ့ ​ကျောင်းသား​ကျောင်းသူ​တွေအတွက် အားလုံးအဆင်​ပြေမယ်" လို့ ​ပြောပါတယ်။ မင်းကင်းမြို့ (အထက) မှာ ​ကျောင်းသား ၁၀၀၀ ​ကျော်ရှိ​ပေမဲ့ မြို့​ပေါ်က ၁၀၀ ​ကျော်သာရှိပြီး နယ်​ဒေသ​တွေက ၉၀၀ ​ကျော်​လောက်ရှိတယ်လို့ သိရပါတယ်။
2 years Ago
Up