close

ဘော်လ်တစ် ၃ နိုင်ငံ

close

February 5, 2022

ရုရှားသဘာဝဓာတ်ငွေ့အပေါ် မှီခိုမှုကင်းရေး ဘော်လ်တစ် ၃ နိုင်ငံဆွေးနွေး

ရုရှားရဲ့ဓာတ်ငွေ့ရောင်းချမှု ဖြတ်တောက်မှာကို ဥရောပနိုင်ငံတွေကြား စိုးရိမ်မှုရှိနေချိန်မှာ၊ ဥရောပမြောက်ပိုင်း ဘော်လ်တစ်ဒေသသုံးနိုင်ငံဖြစ်တဲ့ အက်စ်တိုးနီးယား၊  လတ်ဗီးယားနဲ့  လစ်သူယေးနီးယားတို့က ရုရှားသဘာဝဓာတ်ငွေ့ကို မမှီခိုတော့ဖို့ ပြင်ဆင်တဲ့အစည်းအဝေးကို ဖေဖော်ဝါရီ ၄ ရက်က လတ်ဗီးယားနိုင်ငံ ရီဂါမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ရုရှားဟာ ဥရောပကို သဘာဝဓာတ်ငွေ့အများဆုံး တင်ပို့တဲ့နိုင်ငံပါ။ ယူကရိန်းပြဿနာကြောင့် ရုရှားနဲ့ နေတိုးအဖွဲ့ကြား တင်းမာမှုတွေဖြစ်နေပြီး၊ ရုရှားက ဓာတ်ငွေ့ရောင်းချမှု ရပ်လိုက်မှာကို အနောက်နိုင်ငံတွေ အကြီးအကျယ် စိုးရိမ်နေကြတာပါ။ 

အစည်းအဝေးအပြီးမှာ လတ်ဗီးယားဝန်ကြီးချုပ် အင်ဂရီဒါ ဆီမွန်နိုက်က “ရုရှားက ဥရောပသမဂ္ဂကို ဆန့်ကျင်ဖို့ ဓာတ်ငွေ့ဖြတ်တောက်မှုတွေ လုပ်လာမယ်ဆိုရင် ကျမတို့ နိုင်ငံတွေရဲ့ အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေ ကြိုတင်ပြင်ဆင်ထားဖို့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတာပါ” လို့ ပြောပါတယ်။ 

ဘော်လ်တစ်သုံးနိုင်ငံဟာ  ယခင်ဆိုဗီယက်နိုင်ငံအောက်မှာ ရှိခဲ့ပြီး၊ ယခု ဥရောပမသမဂ္ဂနဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေပါ။ လက်ရှိ သုံးနိုင်ငံစလုံးက ရုရှားထံက သဘဝဓာတ်ငွေ့ ဝယ်ယူပြီး ဥရောပကို ပိုလန်ကတဆင့် တင်ပို့နေတာပါ။

ရုရှားနဲ့ ပဋိပက္ခဖြစ်လာရင် ဘော်လ်တစ်သုံးနိုင်ငံအနေနဲ့ တခြားဓာတ်ငွေ့ရင်းမြစ်တွေ ရွေးချယ်သုံးစွဲဖို့ အမေရိကန်က တိုက်တွန်းထားပါတယ်။

1 min Ago
Up