close

ဘေးလ်

close

February 5, 2022

ဟာဇက်နှင့်ဘေးလ်အား အသုံးမပြုခဲ့သည့်အပေါ် မေးမြန်းမှုကို နည်းပြအန်စလော့တီ ဒေါသထွက်

ဘီလ်ဘာအိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ကိုပါဒယ်ရေးဖလားပွဲစဉ်မှာ ဟာဇက်နဲ့ ဘေးလ်တို့ကို အသုံးမပြု ခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေကို နည်းပြ အန်စလော့တီက ဒေါသထွက်ခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကိုပါဒယ်ရေး ဖလားကွာတားဖိုင်နယ်မှာ ဘီလ်ဘာအိုကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ဟာဇက်၊ ဘေးလ်နဲ့ လူကာဂျိုဗစ်တို့လို တိုက်စစ်ကစားသမားတွေ အရန်ခုံမှာရှိနေပေမဲ့ အသုံးမပြုခဲ့တာဖြစ်ပါတယ်။ 

အဲဒီအပေါ်မှာ မီဒီယာတွေက နည်းပြအန်စလော့တီကို မေးမြန်းခဲ့ပြီး သူတို့အကြောင်းကို ဘာကြောင့် မေးနေတာလဲလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ 

သူတို့လိုပဲ ပွဲမကစားခဲ့ရတဲ့ ဒမ်နီဆီဘယ်ယော့နဲ့ ကာဗာဟယ်တို့အကြောင်းကိုတော့ ဘာကြောင့် မေးခွန်းမမေးမြန်းတာလဲလို့လည်း နည်းပြအန်စလော့တီက ပြန်ပြောခဲ့ပါတယ်။ 

နည်းပြတစ်ဦးအနေနဲ့ ဆုံးဖြတ်ချက်ချမှတ်ရပြီး ဟာဇက်နဲ့ ဘေးလ်တို့လိုပဲ တခြားကစားသမားတွေဟာလည်း ပွဲကစားခွင့်ရခဲ့တာ မဟုတ်ကြောင်း အန်စလော့တီက ပြောသွားပါတယ်။ 

အန်စလော့တီဟာ ဘရာဇီးနဲ့ ပွဲပန်းလာတဲ့ ဗင်နီဆီးယက်စ် နဲ့ ရိုဒရိုင်ဂိုတို့ကို ပွဲအစကတည်းက အသုံးပြုခဲ့ပေမယ့် အနားရထားတဲ့ နာမည်ကြီးကစားသမားတွေကို အသုံးမပြုခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။

5 mins Ago

May 6, 2020

စီရော်နယ်ဒိုနှင့် ဘေးလ်တို့ကို ခေါ်ယူရန် ဖာဂူဆန် ကြိုးပမ်းခဲ့ဟု အီဗရာ ပြော

မန်ယူနည်းပြဟောင်း ဖာဂူဆန်ဟာ ရော်နယ်ဒိုနဲ့ ဂါရတ်ဘေးလ်ကို တပြိုင်နက် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ ကစားသမားဟောင်း အီဗရာက ပြောလိုက်ပါတယ်။  ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာ ဖာဂူဆန်ဟာ နောက်နှစ်မှာ အနားယူတော့မယ်လို့ မီဒီယာတွေက ရေးသားခဲ့ကြပေမယ့် ဖာဂူဆန်ကိုယ်တိုင်ကတော့ နောက်ထပ် ၁၀ နှစ်လောက် ဆက်နေပြီး ချန်ပီယံလိဂ်ဆုဖလား ထပ်မံရယူမယ်လို့ ပြောခဲ့ကြောင်း အီဗရာက ပြောပါတယ်။  ဒါ့အပြင် ချန်ပီယံလိဂ်ဖလားရဖို့အတွက် စီရော်နယ်ဒိုနဲ့ ဂါရတ်ဘေးလ်တို့ကို ခေါ်ယူဖို့ လိုအပ်တယ်လို့ ဖာဂူဆန်က ပြောခဲ့ကြောင်း အီဗရာက ပြောပါတယ်။  ဒါပေမဲ့ နောက်နှစ်ပတ်အကြာမှာတော့ ဇနီးသည်အနားမှာနေဖို့ လိုအပ်တဲ့အတွက် အသင်းကနေ အနားယူတော့မယ်လို့ ပြောခဲ့ပြီး သူ ခေါ်ယူခဲ့တဲ့ ဗန်ပါစီနဲ့ ကာဂါဝါတို့ကိုလည်း တောင်းပန်စကား ပြောခဲ့တယ်လို့ အီဗရာက ပြောပါတယ်။ ဖာဂူဆန်အနေနဲ့ အသင်းကနေ မထွက်ခင်မှာ ရီးရဲလ်တိုက်စစ်အတွဲ ဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ ဂါရတ်ဘေးလ်ကို ခေါ်ယူပေးခဲ့ချင်ပေမယ့်လည်း ကစားသမားတွေဘက်က ရီးရဲလ်မှာပဲ ဆက်လက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up