close

ဘွဲ့နှင်းသဘင်အခမ်းအနား

close

April 7, 2023

ကရင်နီအမျိုးသားကောလိပ် ဘွဲ့နှင်းသဘင်အခမ်းနားကျင်းပ (ဓာတ်ပုံ)

ကရင်နီအမျိုးသားကောလိပ်(KnNC)ရဲ့ ဒီပလိုမာဘွဲ့အပ်နှင်းခြင်းနဲ့ ကျောင်းဆင်းပွဲအခမ်းအနားကို ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှာ ဧပြီ ၆ ရက်နေ့က ကျင်းပပါတယ်။

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှ ကွန်ပျူတာအထူးပြုဘာသာရပ် ၂၁ ဦး၊ လူမှုဖွံ့ဖြိုးရေးအထူးပြု အယောက် ၃၀၊ လူမှုရေးသိပ္ပံ အထူးပြု အယောက် ၃၀ နဲ့ အထွေထွေသိပ္ပံအထူးပြု ၃၄ ဦး  စုစုပေါင်း ၁၁၅ ဦးကို ဘွဲ့အပ်နှင်းခဲ့တယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားကောလိပ်ကို ကရင်နီပညာရေးဌာနက ၁၉၉၅ ခုနစ်က‌ စတင်ဖွင့်လှစ်ခဲ့ပြီး အခုအချိန်ထိဆိုရင် ကရင်နီလူငယ်တွေကို ပညာသင်ကြားပေးခဲ့တာ ၂၈ နှစ်ရှိခဲ့ပါပြီ။ အဆိုပါကျောင်းမှာ Community Development၊ Social Science၊ Information Technology (IT)၊ Scienceဆိုတဲ့ အထူးပြုဘာသာရပ် ၄  ခုကို အဓိက သင်ကြားပေးနေတာဖြစ်ပါတယ်။

ဓာတ်ပုံ - ကရင်နီအမျိုးသားကောလိပ်

4 mins Ago

April 22, 2020

ကိုလံဘီယာနိုင်ငံက တက္ကသိုလ် တခုတွင် စက်ရုပ်ဖြင့် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကိုလံဘီယာနိုင်ငံမှာ တက္ကသိုလ်တွေရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားတွေကို ရပ်ဆိုင်းထားရပေမယ့် တက္ကသိုလ်တခုကတော့ ရိုဘော့စက်ရုပ် အသုံးပြုပြီး ကျောင်းသားတွေကို အွန်လိုင်းကနေ ဘွဲ့ပေးအပ်ခဲ့ပါတယ်။ Magdalena မက်ဒလီနာတက္ကသိုလ်ဟာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ရိုဘော့စက်ရုပ်နဲ့ ကျင်းပပြီး ကျောင်းသားတွေက အိမ်ကနေ အင်တာနက်ချိတ်ဆက်ပြီး အဝေးရောက် ဘွဲ့ယူနေကြတာပါ။ ရင်ဘတ်နေရာမှာ တက်ဘလက်တခုပါတဲ့ ရိုဘော့စက်ရုပ်က ဘွဲ့ပေးမယ့် ပါမောက္ခရှေ့မှာ ရပ်ချိန်မှာ ဘွဲ့ယူမယ့်ကျောင်းသားက အိမ်ကနေ သူ့မျက်နှာပြပြီး ဘွဲ့လက်ခံရယူရတာကို သတင်းမှာ ဖော်ပြထားပါတယ်။ ကိုလံဘီယာဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ အတည်ပြုလူနာ ၄၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူကတော့ ၂၀၀ နီးပါး ရှိထားတယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။
3 years Ago
Up