close

မက္ကစီကိုရေတပ်

close

August 27, 2021

မက္ကစီကိုရေတပ် ရဟတ်ယာဉ် ၁ စီး ပျက်ကျ

မက်ဆီကိုရေတပ်က ရဟတ်ယာဉ်တစ်စင်းဟာ သြဂုတ် ၂၅ ရက်က ဆင်းသက်ချိန် စက်ချွတ်ယွင်းလို့ ပျက်ကျခဲ့တယ်လို့ ဒေသခံအရာရှိတွေက ပြောပါတယ်။

 ရေတပ်ရဟတ်ယာဉ်ဟာ ဟာရီကိန်းမုန်တိုင်း ဂရေ့စ် တိုက်ခတ်ခဲ့တဲ့ ဒေသတွေဆီသွားဖို့ ကြိုးစားရင်း စက်ချို့ယွင်းတာကို ဘေးကင်းရေး အရာရှိတွေက သတိထားမိခဲ့တာပါ။

 ရဟတ်ယာဉ်ဟာ ဟိဒယ်ဂိုပြည်နယ်က အဂွါဘလန်ကာ မြို့မှာ ဆင်းသက်ခဲ့ပြီး အသေအပျောက် အစီရင်ခံတာ မရှိပါဘူး။

 ဒဏ်ရာရ ခရီးသည် ၃ ဦးကို လူနာတင်ယာဉ်တွေနဲ့ အနားက ဆေးရုံဆီ အမြန် ပို့ဆောင်ခဲ့ပါတယ်။

 ရဟတ်ယာဉ်ပေါ်မှာ ဗေရာခရုဇ်ပြည်နယ် အစိုးအဖွဲ့အတွင်းရေးမှူး အဲရစ်ခ် ဆစ်နဲရို့စ် ပါပြီး သူကတော့ အသေးစား ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

4 mins Ago
Up