close

မက္ကဆီကို ရေတပ်

close

July 17, 2022

မူးယစ်ရာဇာ ကင်တယ်ရိုကို မက္ကဆီကို ရေတပ် ဖမ်းဆီးရမိ

မူးယစ်ရာဇာ ရာဖှေးလ်ကာရိုကင်တယ်ရိုကို မက္ကဆီကိုမြောက်ပိုင်း ဆီနာလိုအာပြည်နယ်မှာ ဖမ်းမိထားတယ်လို့  မက္ကဆီကိုရေတပ်က ဇူလိုင် ၁၅ ရက်က ကြေညာခဲ့ပါတယ်။ 

မက္ကဆီကိုရဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ အချက်အချာနေရာတွေထဲက တစ်ခု ဖြစ်တဲ့ အနောက်မြောက်ပိုင်း Sinaloa ပြည်နယ်ရှိ ချွိုက်ခ်စ်ခရိုင်မှာ ချုံပုတ်တွေထဲမှာ ပုန်းအောင်းနေတဲ့ ကာရို ကင်တယ်ရိုကို မက္ကဆီကို ရေတပ်က ရှာဖွေရေးခွေးတကောင်ရဲ့ အကူအညီနဲ့ တွေ့ရှိခဲ့ကြောင်း မက္ကဆီကိုရေတပ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

၁၉၈၅ ခုနှစ်က အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး DEA ကိုယ်စားလှယ် အရာရှိ အွန်ရစ်ကေး ကိကီ ကမာရီနာ ကို နှိပ်စက်ညှဉ်းပန်းမှုနဲ့ လူသတ်မှုတွေအတွက် ပြစ်ဒဏ်ချမှတ်ခံ ခဲ့ရတဲ့ မူးယစ်ခေါင်းဆောင်  ရာဖှလ် ကာရို ကွင်တာရိုကို အာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့တာဟာ မက္ကဆီကို နဲ့ အမေရိကန် ၂ နိုင်ငံစလုံးက တရားဥပဒေ စိုးမိုးရေး အေဂျင်စီတွေအတွက် အောင်မြင်မှုကြီးတခုလည်း ဖြစ်ပါတယ်။ 

အမေရိကန်အစိုးရက ဒီဖမ်းမိမှုကို ချီးကျူးခဲ့ပြီး သူ့ရဲ့တရားခံ လွှဲပြောင်းရေး တောင်းဆိုရာမှာ အချိန်ဖြုန်းနေမှာ မဟုတ်ကြောင်း အိမ်ဖြူတော် အကြီးတန်း လက်တင်အမေရိက အကြံပေး ဟွမ်န် ဂွန်ဇာလက်ဇ်က တွစ်တာ မှာ ပြောကြားခဲ့ပါတယ်။   

1 min Ago
Up