လိဒ်ယူနိုက်တက်အသင်းဟာ အီတလီကလပ်ဂျူဗင်တပ်ကွင်းလယ်လူ မက်ကမ်းနီကို ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပါတယ်။
ဖူဟမ်၊နော်တမ်ဟမ်ဖောရက်အသင်းတွေကလည်း အပြိုင်ကမ်း လှမ်းခဲ့ပေမယ့် အမေရိကန်နည်းပြ ဂျက်စီမက်ချ်နဲ့ နိုင်ငံအသင်းဖော်တွေရှိတဲ့ လိဒ်ယူနိုက်တက်ကိုပဲ မက်ကမ်းနီကရွေးချယ်ခဲ့တာပါ။ လိဒ်ယူနိုက်တက်က အငှားစာချုပ်ကြေးပေါင် ၁ ဒသမ ၃ သန်းပေးချေရမှာ ဖြစ်ပြီး ရာသီအကုန်မှာ ပေါင်သန်း ၃၀ နဲ့အပြီးသတ်ခေါ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။
ဂျူဗင်တပ်အသင်းမှာ ပွဲပေါင်း ၇၀ ခန့်ကစားခဲ့တဲ့ အမေရိကန်ကွင်းလယ်လူဟာ နိုင်ငံအသင်းဖော်တွေဖြစ်တဲ့ တိုင်လာအဒမ်၊ အာရွန်ဆန် တို့နဲ့ တစ်သင်းထဲမှာ ပြန်လည်တွဲဖက်ကစားခွင့်ရတော့မှာဖြစ်ပါတယ်။