close

မက်ဂွဲယားနှင့် အာနိုး

close

November 14, 2022

မက်ဂွဲယားနှင့် အာနိုးတွဲဖက်ခံစစ်အပေါ် စိုးရိမ်စရာမလိုဟု ဝိန်းရွန်းနီသုံးသပ်

ကမ္ဘာ့ဖလားမှာ အင်္ဂလန်ခံစစ်က မက်ဂွဲယားနဲ့ အာနိုးလ်တို့ကို တွဲဖက်ကစားစေခဲ့ရင်လည်း စိုးရိမ်စရာ မလိုအပ်ကြောင်း တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ပြောပါတယ်။

မန်ယူနောက်ခံလူ မက်ဂွဲယားဟာ မိခင်ကလပ်မှာ ပုံမှန်ပွဲထွက်ခွင့် မရခဲ့ပေမယ့် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေက ခြေစွမ်းကိုကြည့်ပြီး နည်းပြဆောက်ဂိတ်က ရွေးချယ်ခဲ့တာပါ။

အလားတူ လီဗာပူးနောက်ခံလူ အာနိုးလ်ဟာလည်း ခံစစ်ပိုင်းမှာ အမှားများခဲ့တဲ့အပေါ် ပရိသတ်တွေက စိုးရိမ်နေပြီး မက်ဂွဲယားနဲ့ အာနိုးလ်သာ တွဲဖက်ပြီး ကစားစေမယ်ဆိုရင် အန္တရာယ် အလွန်များကြောင်း ဝေဖန်ခဲ့ကြတာပါ။

အင်္ဂလန်တိုက်စစ်မှူးဟောင်း ရွန်းနီကတော့ အင်္ဂလန်ဗဟိုခံစစ်မှာ ဂျွန်စတုန်းစ်နဲ့ မက်ဂွဲယားကိုပဲ ပွဲထွက်သင့်ပြီး သူတို့ဟာ ပြိုင်ပွဲကြီး တစ်ခုရဲ့အခြေအနေကို နားလည်းသိရှိထားပြီးဖြစ်တယ်လို့ Sunday Times သတင်းမှာ ရေးသားခဲ့ပါတယ်။

အလားတူ အာနိုးလ်ဟာ လီဗာပူးမှာ ခံစစ်ပိုင်းအမှားအယွင်းတွေရှိတာမှန်ပေမယ့် အသင်း လိုက်ကစားပုံကြောင့်သာဖြစ်ပြီး တစ်ဦးချင်းအမှားတွေ မဟုတ်လို့ ပွဲထွက်ကစားသင့်သူဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။ 

2 hours Ago
Up