close

မက်တာကုမ္ပဏီ

close

November 10, 2022

ဖေ့စ်ဘွတ်ခ်၏ မိခင်ကုမ္ပဏီ မက်တာက ဝန်ထမ်းအင်အား ၁၁,၀၀၀ ကျော် လျှော့ချ

ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီ မက်တာဟာ ဝန်ထမ်း ၁၁,၀၀၀ ကျော် ဒါမှမဟုတ် သူ့ရဲ့ လုပ်သားအင်အား ၁၃ ရာခိုင်နှုန်းကို လျှော့ချမယ့်အစီအစဉ်ကို နိုဝင်ဘာ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။

ကုမ္ပဏီဟာ ကုန်ကျစရိတ်တွေ များလာတာနဲ့ အားနည်းတဲ့ ကြော်ငြာဈေးကွက် ရုန်းကန်နေရချိန်မှာ အခုနှစ်အတွင်း အကြီးမားဆုံး အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်ပစ်ရတာဟာ မက်တာရဲ့ ၁၈ နှစ်တာကာလအတွင်း ပထမဆုံးဖြစ်ပါတယ်။

ကုမ္ပဏီဟာ အသုံးစရိတ်တွေကို ဖြတ်တောက်ထားပြီး ပထမသုံးလပတ်အထိ အလုပ်ခန့်မှုကို ရပ်တန့်ထားဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ဒီဆောင်ရွက်ချက်ကနေ မျှော်မှန်းထားတဲ့ ကုန်ကျစရိတ် သက်သာစေမလား ဆိုတာတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။

“အွန်လိုင်း ကူးသန်းရောင်းဝယ်ရေးဟာ အရင်ခေတ်ရေစီးကြောင်းအတိုင်း ပြန်ဖြစ်ရုံသာမက မက်ခရိုစီးပွားရေး ကျဆင်းမှု၊ အပြိုင်အဆိုင်တွေ တိုးလာမှုနဲ့ ကြော်ငြာရဖို့ အချက်ပြမှုတွေ နည်းလာတာတွေကြောင့် ကျနော်တို့ရဲ့ ဝင်ငွေဟာ ကျနော်မျှော်လင့်ထားတာထက် အများကြီး လျော့နည်းသွားခဲ့ပါတယ်” လို့ မက်တာ အမှုဆောင်အရာရှိချုပ် မာ့ခ် ဇူကာဘတ်က ဝန်ထမ်းတွေဆီ မက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။ ဒီအမှားအတွက် သူ တာဝန်ယူကြောင်းလည်း ပြောပါတယ်။

ဒီနှစ်ပိုင်းအထိ သူတို့ရဲ့ ရှယ်ယာတန်ဖိုး သုံးပုံနှစ်ပုံကျော် ဆုံးရှုံးခဲ့တဲ့ မက်တာဟာ အလုပ်ရပ်နားမှု အစီအစဉ်အနေနဲ့ ၁၆ ပတ်စာ အခြေခံလစာနဲ့ နှစ်စဉ်ဝန်ဆောင်မှုစရိတ်အဖြစ် နောက်ထပ် ၂ ပတ်စာ ငွေကြေးအပြင် ကျန်ရှိနေသေးတဲ့ အလုပ်ချိန်ပြင်ပ အပိုကြေးတွေကိုပါ ထည့်ပေးချေသွားမှာ ဖြစ်ပါတယ်။ စက်တင်ဘာလကုန်အထိ မက်တာမှာ ဝန်ထမ်းပေါင်း ၈၇,၃၁၄ ဦး ရှိပါတယ်။

နည်းပညာကုမ္ပဏီတွေနဲ့ သူတို့ရဲ့ အရှိန်အဟုန်တွေဟာ ကပ်ရောဂါကာလကနေစပြီး အခုနှစ်မှာ ရှယ်ယာတန်ဖိုးတွေ ကျဆင်းကုန်ပြီး ဆယ်စုနှစ်ချီ ငွေကြေးဖောင်းပွမှုတွေ မြင့်မားတာနဲ့ အတိုးနှုန်းတွေ ခပ်မြန်မြန် မြင့်တက်လာတာတွေကို ရင်ဆိုင်နေရတာကြောင့် နည်းပညာနယ်ပယ်ဟာ ခက်ခဲတဲ့နှစ်ကို ရင်ဆိုင်နေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

5 mins Ago
Up