close

မက်ဒရစ်အိုးပင်း

close

May 8, 2022

စပိန်လူငယ်တင်းနစ်သမားက ကမ္ဘာ့နံပါတ် ၁ ဂျိုကိုဗစ်ကို အနိုင်ယူပြီး မက်ဒရစ်အိုးပင်း ဗိုလ်လုပွဲတက်

မေ ၇ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ မက်ဒရစ် အိုးပင်းရဲ့ အကြိုဗိုလ်လုပွဲစဉ်မှာ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ စပိန် လူငယ်တင်းနစ်သမား ကိုရို အာကာရတ်က ကမ္ဘာ့နံပါတ် ၁ ဖြစ်တဲ့ ဆာဗီးယားက ဂျိုကိုဗစ်ကို အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။

အကြိတ်အနယ်ရှိတဲ့ အကြိုဗိုလ်လုပွဲဟာ သုံးနာရီခွဲကျော် ကြာခဲ့ပြီး ကိုရို က ၆-၇(၅)၊ ၇-၅ ၇-၆(၅) နဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ 

 ကမ္ဘာ့ အဆင့် ၇ ဖြစ်တဲ့ ကိုရို အာကာရတ်ဟာ ကွာတားအဆင့်မှာလည်း တနိုင်ငံတည်းသား နာမည်ကြီး ရာဖယ် နဒဲလ်ကို အနိုင်ယူခဲ့သူ ဖြစ်ပါတယ်။ 

ဒီနေ့ မေ ၈ ရက်နေ့ အကြိုဗိုလ်လု နောက် ပွဲတပွဲမှာတော့ လက်ရှိ ချန်ပီယံ ဇာရဗ်နဲ့ ကမ္ဘာ့အဆင့် ၄ စီစီပက်စ်တို့ ယှဉ်ပြိုင်ကြဖို့ ရှိပါတယ်။

1 min Ago
Up