close

မကျည်းကုန်းရွာသား

close

July 5, 2021

ပွင့်ဖြူမြို့နယ်၊ မကျည်းကုန်းရွာသား ၁ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မကျည်းကုန်းကျေးရွာက ဒေသခံပြည်သူတစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဇူလိုင်လ ၄ ရက်နေ့မှာ ဖမ်ဆီးသွားပါတယ်။

ပွင့်ဖြူမြို့နယ် ဥယျာဥ်ကျစ်ကျေးရွာအုပ်စု၊ မကျည်းကုန်းကျေးရွာက ဒလန်တွေက လက်နက်ရှိတယ်လို့  သတင်းပေးတာကြောင့်  စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီးတော့ မကျည်းကုန်းရွာသား  ကိုနောင်နောင်ကို ဖမ်းဆီသွားတာလို့  ဒေသခံတစ်ယောက်က ပြောပါတယ်။

ပွင့်ဖြူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကလည်း ဒလန်တွေရဲ့ သတင်းပေးချက်ကြောင့် အကြမ်းဖက်စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဆက်တိုက် ဖမ်းဆီးခဲ့ပါတယ်။

8 mins Ago
Up