close

မကွေးမြို့

close

April 13, 2023

မကွေးမြို့ စစ်ကောင်စီသင်္ကြန်မဏ္ဍပ် ရေပက်ခံသူမရှိ

မကွေးတိုင်းမြို့တော် မကွေးမြို့မှာ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က စစ်ကောင်စီကဦးစီးကျင်းပနေတဲ့ ရေကစား မဏ္ဍပ်မှာ ရေပက်ခံသူမရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မကွေးမြို့ ကမ်းနားလမ်းမှာဆောက်လုပ်ထားတဲ့  သင်္ကြန်မဏ္ဍပ်ကို စစ်ကောင်စီက ဒီနေ့မနက်မှာ ဖွင့်ပွဲပြုလုပ်ခဲ့ပေမဲ့   ရေပက်ခံသူမရှိဘူးလို့ မကွေးမြို့ဒေသခံတယောက်က ပြောပါတယ်။

“မဏ္ဍပ်တွေကတော့ ကမ်းနားလမ်းမှာထိုးထားတာ။ ရပ်ကွက် ၁ တခုကို ယိမ်းအဖွဲ့တဖွဲ့စီ ထွက်ရပြီး အဲဒီယိမ်းအဖွဲ့တွေက ရှိသမျှ မဏ္ဍပ်တွေမှာ လိုက်ကရတယ်။ ဒီမနက်ဖွင့်ပွဲမှာတော့ မကွေးတိုင်းစစ်ကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အကအဖွဲ့တွေသာတွေ့ရပြီး ရေပက်ခံသူလုံးဝမရှိတာကြောင့် ကတ္တရာလမ်းကိုပဲ ရေပက်နေတာတွေ့ရတယ်။”

လူငယ်လူရွယ်တချို့ကတော့ မဏ္ဍပ်တွေကိုမသွားဘဲ မြို့ထဲ ရပ်ကွက်ထဲတွေမှာ ဆိုင်ကယ်တွေနဲ့ လည်ပတ်တာတွေတော့ ရှိပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကန့်ဘလူမြို့နယ် ပဇီကြီးရွာ (လေကြောင်းတိုက်ခိုက်မှု) ကိစ္စလည်းပါမှာပေါ့။ မကွေးမှာ သင်္ကြန်အနေနဲ့လည်ရင် Boycott အလုပ်ခံရမှာလည်း ကြောက်ကြတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားလို့ သင်္ကြန်မဏ္ဍပ်တွေမှာ ဗုံးပေါက်ကွဲတာတွေဖြစ်မှာကြောက်တာကြောင့် ရေပက်ခံမထွက်ကြတာ” လို့ မြို့ခံတယောက်က ပြောပါတယ်။

အခုနှစ်သင်္ကြန်ဟာ   တော်လှန်သင်္ကြန်ဖြစ်တာကြောင့် စစ်ကောင်စီကကျင်းပတဲ့ အတုယောင် သင်္ကြန်နဲ့ သူတို့ရဲ့ မဏ္ဍပ်တွေမှာရေပက်ခံမထွက်ကြဖို့နဲ့ မပျော်ပါးကြဖို့ မကွေးတိုင်းအတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

3 mins Ago

January 31, 2023

မကွေးမြို့တွင် စစ်ကောင်စီက ဆိုင်ကယ်များကို စီမံချက်ဖြင့် လိုက်လံဖမ်းဆီး

မကွေးမြို့မှာ စစ်ကောင်စီက ဇန်နဝါရီလ ၃၀ ရက်နဲ့ ၃၁ ရက်တွေမှာ ဒေသခံတွေရဲ့ ဆိုင်ကယ်တွေကို စီမံချက်ချ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီ ၃၀ ရက် မနက် ၉ နာရီကနေ ည ၇ နာရီလောက်အထိ လမ်းဆုံ လမ်းခွတွေမှာ ဆိုင်ကယ် ဖမ်းဆီးရေးစီမံချက်ဆိုပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းမိတဲ့ဆိုင်ကယ်တွေကို မကွေးမြို့တော်ခန်းမထဲကို ပို့ဆောင်ကာ  ဖေဖော်ဝါရီ ၁ ရက် လာရွေးခိုင်ထားတယ်လို့ မကွေးမြို့ ဒေသခံတယောက်က ပြောပါတယ်။

မကွေးမြို့က လမ်းဆုံလမ်းခွ၊ နေရာစုံမှာ စစ်ကောင်စီတပ်သားတွေ၊ ယာဥ်ထိန်းရဲတွေ၊ နယ်မြေရဲတွေက တနေကုန် စစ်ဆေးဖမ်းဆီးတာ ဆိုင်ကယ် အစီးရေ ၄၀၀ လောက် ရရှိသွားပြီး မြို့တော်ခန်းမထဲကို ထည့်ထားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၃၀ နဲ့ ၃၁ ရက်တွေမှာ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး  ဖေဖော်ဝါရီ ၁ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း လာရွေးရမယ်လို့ ဒေသခံကပြောပါတယ်။

"အရင်တုန်းကဆိုရင် သူတို့ဖမ်းရင် မော်တော်ပီကယ် ရုံးထဲထည့်ပြီးတော့မှ  ချလန်တွေ ဘာတွေ ဖြတ်ပြီး တရားရုံးမှာ ဒဏ်ငွေသွားဆောင်ရတာ။ အခုက မြို့တော်ခန်းမထဲကို မောင်းထည့်ပြီး မနက် ၉ နာရီ ပညာပေးဟောပြောပွဲကို နားထောင်ပြီးမှ ဆိုင်ကယ်တွေကို ပြန်ပေးမယ်တဲ့"

စီမံချက်အရ ဒီတခေါက်ဖမ်းတာကတော့ ဦးထုပ်မပါ၊ ဘက်မှန်မပါ ၊ခြေနင်းတုံးမပါ၊ ယာဉ်မောင်းလိုင်စင်မပါ၊ ယာဉ်လိုင်စင်မပါတာတွေကို စစ်ဆေးဖမ်းဆီထားတာဖြစ်ပြီး ဆိုင်ကယ်ပိုင်ရှင်တွေကတော့ အဆုံးမခံနိုင်လို့ အဲဒီနေ့ကျရင် မြို့တော်ခန်းမကို သွားကြရမှာပေါ့ လို့ ပြောပါတယ်။

2 months Ago
Up