close

မကွေးယာဥ်ထိန်းရဲတပ်ဖွဲ့

close

October 15, 2022

မကွေးယာဥ်ထိန်းရဲတပ်ဖွဲ့ ရဲမှူး ပစ်ခတ်ခံရပြီး သေဆုံး

မကွေးမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတဦး အောက်တိုဘာ ၁၄ ရက် ည ၇ နာရီက  သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မကွေး ကားကြီးဝင်းနား ယာဥ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ရဲမှူး စိန်ဝင်းဟာ မနေ့ညက ကွမ်းယာ ထွက်ဝယ်စဥ် ဆိုင်ကယ်စီးလာတဲ့ အမည်မသိအမျိုးသား နှစ်ယောက်က သေနတ်နဲ့ ၆  ချက် ပစ်ခတ်ခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။

"ကွမ်းယာဝယ်နေတဲ့အချိန်ပစ်တာ။ ခေါင်း၊ ရင်ဘတ်၊ ဗိုက်တွေကို ထိသွားတယ်၊ ခြောက်ချက်ပစ်တာ ငါးချက်မှန်ပြီး သေသွားတာ။"

သေဆုံးသူ ရဲမှုးစိန်ဝင်း ရုပ်အလောင်းအား မကွေးမြို့နယ်ဆေးရုံကို လူနာတင်ယာဥ်နဲ့ စစ်ကောင်စီက ပို့ဆောင်လိုက်တယ်လို့  သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က မကွေးကားကြီးဝင်း နဲ့ မြို့ပေါ်လမ်းဆုံတွေမှာ ဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

3 hours Ago
Up