close

မကွေးဝန်ကြီးချုပ်

close

May 27, 2022

မကွေးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်

မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို မေလ ၂၅ ရက်နေ့မှာ ပွင့်ဖြူမြို့နယ်တရားရုံးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ့ခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ် လို့ ဝန်ကြီးချုပ်ရဲ့ အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ တရားလွတ်တော်ရှေ့နေ ဦးမြင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

“ရွေးကောက်ပွဲမတိုင်ခင်က ပွင့်ဖြူမြို့နယ်က ကျေးရွာ ၂ ရွာမှာ စည်းရုံးရေးဆင်းတယ်ပေါ့။ ရွေးကောက်ပွဲ ပြီးတော့လည်း ကျေးရွာတရွာမှာ အခမ်းနားတခုတက်တယ်ပေါ့။ အဲဒီတက်တဲ့ အခမ်းအနားမှာ လူစုလူဝေး ၃၀ ထက်ပိုတယ်ပေါ့ဗျာ။ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ဗဟိုကော်မတီက ခုတ်ပြန်ထားတဲ့ စဥ်းမျဥ်းစည်းကမ်းနဲ့မညီဘဲ လူစုလူဝေး ၃၀ ထက်ကျော်တယ်လို့ စွပ်စွဲပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေ ​ပုဒ်မ ၂၅ နဲ့ စစ်ကောင်စီက  တရားစွဲဆိုတဲ့ အမှုဖြစ်တယ်။”

မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက အမှု ၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒါဏ် ၂ နှစ်၊အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၆ မှု အတွက် ထောင်ဒဏ် ၁၈ နှစ်၊ ရွေးကောက်ပွဲမှာ မဲမလျော်သြဇာသုံးမှု ရာဇသတ်ကြီးပုဒ်မ ၁၇၁(စ)လုံး နဲ့ ထောင် ၁ နှစ်၊ အခု သဘဝဘေးပုဒ်မ ၂၅ နဲ့ ထောင် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၄ နဲ့ ချမှတ်ခံခဲ့ရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။

“ဝန်ကြီးချုပ်ကို အမိန့်ချတဲ့ အမှုတွေက ဒီအမှုနောက်ဆုံးဖြစ်မယ်လို့ထင်ပါတယ်။ နှစ်ကျော်နေပြီဆိုတော့ နောက်ပိတ်ဆုံးအမှုဖြစ်ဖို့များပါတယ် ။မနေ့က မိန့်မချခင်တွေ့တဲ့အထိ ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးကောင်းမွန်ပါတယ်။” 

မကွေးတိုင်းဒေသကြီးရဲ့ တာဝန်ရှိသူ ဝန်ကြီးချုပ်တဦးကို မတရားအမှုဆင်ပြီး နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်နေလို့လည်း ကျနော်တို့ မကွေးပြည်သူလူထုက တော်လှန်ရေးမှာ ပါဝင်နေတဲ့ အရှိန်တန့်သွားမှာမဟုတ်ဘူး။ ဒီလို မတရားတဲ့ ကိစ္စတွေကို စစ်အုပ်စုက လုပ်လေလေ ကျနော်တို့ ပြည်သူလူထုတရပ်လုံးနဲ့ တော်လှန်ရေး အင်အားစုများက တော်လှန်ရေးမှာ ပိုပြီးတော့ တော်လှန်ပါဝင် ပုန်ကန်လေလေဖြစ်မှာပဲ” လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ မကွေးလူထုတိုက်ပွဲကော်မတီရဲ့ ဦးဆောင်သူ ကိုချစ်ဝင်းမောင်က ပြောပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတအပါဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေကို အမှုပေါင်းစုံနဲ့စွပ်စွဲကာ လိမ်လည် အမှုဆင်အကွက်ချပြီး ဒီလို အမိန်ချနေတာတွေဟာ သူတို့ရဲ့ ဏ်ရည်တိမ်မှုကို ပြနေတာပဲလို့ ဆိုပါတယ်။

“ဒီလိုတွေလုပ်ပြနေလို့လည်း ဘယ်ပြည်သူ ဘယ်နိုင်ငံကမှ သူတို့ကို ယုံကြည်အားကိုးလေးစားမှာမဟုတ်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့်သာ သူတို့က ကျနော်တို့ရဲ့ ရန်သူဆိုတာ ပြတ်ပြတ်သားသား ပြည်သူလူထုရဲ့ရင်ထဲကို ပိုပြီးဝင်သွားမှာဖြစ်တယ်။ ပြည်သူလူထုအနေနဲ့လည်း ဒါတွေကို ပြတ်ပြတ်သားသားသိရှိနားလည်ပြီးသားဖြစ်လို့ သူတို့ ဘယ်လိုပဲ ကောက်ကျစ်နေပါစေ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံးကင်းမဲ့ တဲ့ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို မရောက်ရောက်အောင်ချီတက်ပြီး ရှေ့ဆက်ပြီး ရင်ဆိုင်တိုက်ပွဲဝင်သွားမယ်” လို့ ကိုချစ်ဝင်းမောင်က ပြောပါတယ်။

ဒေါက်တာအောင်မိုးညိုဟာ NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်နဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဖြစ်ခဲ့သလို ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတိုင်းမှာ NLD ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

2 mins Ago

August 1, 2020

တရားမဝင် ရေနံတူးသူများနှင့်ချက်ဖိုများကို ဖမ်းဆီးအရေးယူရန်မလွယ်ဟု မကွေးဝန်ကြီးချုပ်ပြော

မကွေးတိုင်း တရားမဝင် ရေနံတွင်းတူးသူတွေနဲ့ ချက်ဖိုတွေကို ဖမ်းဆီးအရေးယူဖို့ မလွယ်ကူးဘူးလို့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ “တရားမဝင် ရေနံတွင်းတူးသူတွေနဲ့ ချက်ဖိုတွေကို ဖမ်းဆီးအရေးယူတာတွေ ရှိပေမဲ့ ယခင်အစိုးရလက်ထက်က ရဲတပ်ရင်း ၂ ရင်းနဲ့ သွားရောက်ဖမ်းဆီးတာ ရန်ပြုခံရလို့ ပြန်လည်ဆုတ်ပေးခဲ့ရတဲ့အတွက် ဖမ်းဆီးဖို့ မလွယ်ကူဘူး။” ဒါ့အပြင် တရားမဝင် ရေနံလုပ်ကွက်တွေကနေ အခွန်ကောက်ခံတာမရှိဘဲ တရားဝင်ခွင့်ပြုထားတဲ့ ရေနံလက်ယက်တွင်းတိမ်တွေသာ နိုင်ငံတော် အခွန်နဲ့ တိုင်းဒေသကြီး ရန်ပုံငွေ ကောက်ခံတာလို့ အစိုးရ စတုတ္ထတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “ပြည်ထောင်စုက တရားဝင်ခွင့်ပြုထားတဲ့ လုပ်ကွက်တွေကနေ ထွက်ရှိတဲ့ရေနံစိမ်းတွေကို သယ်ယူခွင့် မျောစာ အပေါ်ကနေ ကောက်ခံတာ။” ရေနံလက်ယက်တွင်းတိမ် တူးဖော်ခွင့်ကို ပေ ၃၀၀၀ ထိ ခွင့်ပြုပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်ခဲ့ပေမဲ့ ပေ ၁၀၀၀ ထိသာ တူးဖော်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ မကွေးတိုင်း EITI သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဦးဆောင်သူ ကိုအိုလာက တရားဝင် ခွင့်ပြုထားတဲ့ ရေနံလက်ယက်တွင်း တိမ်လုပ်ကွက်တွေထဲမှာ ရေနံထွက်ရှိမှု မရှိသလောက်ဖြစ်ပြီး ယာတွေ၊ တောတောင်တွေထဲမှာ နားလည်မှုနဲ့ တူးဖော်ကြတာလို့ ပြောပါတယ်။ “တရားဝင်လုပ်ကွက်က ရရှိတဲ့ သယ်ယူခွင့်မျောစာတွေကို အသုံးချပြီးတော့ ထွက်ရှိလာတဲ့ ရေနံစိမ်းတွေကို သယ်ယူတာဖြစ်တယ်။” ရေနံလက်ယက်တွင်းလုပ်ငန်းရှင်တွေနဲ့ ရေနံလုပ်သားတွေက ရရှိလာတဲ့ ရန်ပုံငွေကနေ ရေနံထွက်ရှိတဲ့ဒေသတွေမှာ အရေးပေါ် မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ ကျန်းမာရေး၊ ပညာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို ဖြည့်စည်းပေးဖို့ လိုလားနေကြတယ်လို့ ဆိုပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ တရားဝင် ရေနံလုပ်ကွက် ၃၃ ကွက်ရှိပြီး သက်တမ်းတိုးလုပ်ကွက် ၁၂ ကွက်ကနေ တိုင်ဒေသကြီးရန်ပုံငွေ ကျပ် ၂၆ ဘီလီယံကျော် ကောက်ခံရရှိထားတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ မင်းထီး
2 years Ago
Up