close

မကွေးအခြေစိုက် တင့်ကားတပ်ဖွဲ့

close

September 22, 2021

တင့်ကားတပ်ဖွဲ့က CDM စစ်သား ၁၀ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

မကွေးအခြေစိုက် တင့်ကားတပ်ဖွဲ့က CDM ပြုလုပ်တဲ့ ပြည်သူ့စစ်သား ၁၀ ယောက်ကို စက်တင်ဘာလ အစောပိုင်းက NUG အစိုးရကနေတစ်ဆင့် ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ ချိတ်ဆက်ပေးနိုင်ခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးအင်အားစု PRA တပ်ဖွဲ့ကနေ သိရပါတယ်။

PRA တပ်ဖွဲ့နေနဲ့ အဲဒီပြည်သူ့ရင်ခွင်ခိုလှုံတဲ့ တင့်ကားတပ်ဖွဲ့က ပြည်သူစစ်သား ၁၀ ယောက်ကို ဒီလ အစောပိုင်းက NUG အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး NUG ကိုယ်တိုင် တိုက်ရိုက်စီမံခဲ့တာလို့ PRA တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ယောက်က DVB ကို ပြောပါတယ်။

ဒါ့အပြင် PRA တပ်ဖွဲ့အနေနဲ့ အခုရက်ပိုင်းအတွင်းမှာ KNU တပ်မဟာ(၃) နယ်မြေထဲက CDM ဝန်ထမ်းတွေအတွက် ဆန်အိတ် ၅၀ ကိုလည်း အလှူရှင်တွေနဲ့ ချိတ်ဆက် ကူညီပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မကွေးမြို့ဟာ ကုန်းတွင်းပိတ်ဒေသဖြစ်တာကြောင့် လက်နက်အင်အားမပြည်စုံတဲ့အတွက် အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်နိုင်ဖို့ ကျည်ဆန်တစ်တောင့်ဖိုးနိုင်နိုင်၊ ၁၀၇ မမ တစ်လုံးဖိုးနိုင်နိုင် ပါဝင်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

PRA အနေနဲ့ အလှူရှင်တွေရဲ့ အလှူငွေတွေကို စာရင်းဇယားနဲ့ စနစ်တကျ သုံးစွဲနေသလို အလှူရှင်တွေရဲ့ အမည်တွေကို လုံခြုံရေးအရ မဖော်ပြပေမယ့် ဂုဏ်ပြုမှတ်တမ်းတွေကို အလှူရှင်တွေဆီကို အရောက်ပို့ပေးနေတယ်လို့ သိရပါတယ်။

3 mins Ago
Up