close

မကွေး လေတပ်စခန်းဌာနချုပ်

close

September 22, 2021

မကွေးလေတပ်စခန်းဌာနချုပ်က တိုက်လေယာဥ်များ ဆက်တိုက်အတက်ဆင်းပြုလုပ်နေ

မကွေးမြို့မှာ စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက် ဒီနေ့မနက်အထိ မကွေးလေတပ်စခန်းဌာနချုပ်က တိုက်လေယာဥ်တွေ ဆက်တိုက်အတက်အဆင်းပြုလုပ်နေတယ်လို့ လေတပ်စခန်း အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

မကွေးလေတပ်စခန်းဌာနချုပ်က တိုက်လေယာဥ်တွေဟာ နေ့ပိုင်းရော ညပိုင်းပါ အကြိမ်ရေ ၂၀ ထက်မနည်း ဆက်တိုက်ပျံတက်နေတာကြောင့် နားတွေအူနေတယ်လို့ လေတပ်စခန်းအနီးက ဒေသခံတစ်ယောက်က  ဒီဗွီဘီကို ပြောပါတယ်။

အဲဒီလေတပ်စခန်းမှာ NUG အစိုးရက ပြည်သူ့ တိုက်ပွဲခေါ်သံ စတင်ကြေညာတဲ့ စက်တင်ဘာ  ၇ ရက်ကလည်း တိုက်လေယာဥ်တွေ ဆက်တိုက်ပျံသန်းခဲ့ပါတယ်။

အခုရက်ပိုင်းမှာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသလို  NUG အစိုးရက တိုက်ပွဲအရှိန်မြှင့်မယ်လို့ ပြောထားချိန်မှာ ခုလို စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေ ခပ်စိပ်စပ် ဆက်တိုက် အတက်ဆင်းလုပ်နေကြတာလို့ ဆိုပါတယ်။

မကွေးလေတပ်စခန်းဌာနချုပ်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က ပြည်သူ့တော်လှန်ရေးအင်အားစု PRA က ရှော့တိုက်ဒုံး ၄ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သလို သြဂုတ်လ ၈ ရက် ရှစ်လေးလုံးအရေးတော်ပုံ ၃၃ နှစ်ပြည့်အထိမ်းမှတ်အနေနဲ့ ဗိဿနိုး PDF နဲ့မဟာမိတ်တပ်ဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။

4 mins Ago

June 8, 2021

မကွေး လေတပ်စခန်းဌာနချုပ်အတွင်း ပစ်ခတ်မှုဖြစ်ပွား

မကွေးလေတပ်စခန်း ဌာနာချုပ်ဝင်းအတွင်းမှာ ဇွန်လ ၇ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ လေတပ်စခန်းနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

လေတပ်စခန်းထဲမှာ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ကြားရပြီးတော့ ညနေ ၆ နာရီ ၄၅ မိနစ်လောက်မှာ ပစ်ခတ်သံတွေ ရပ်သွားတယ်လို့ လေတပ်စခန်းနဲ့ နီးစပ်သူတစ်ယောက်က ဒီဗွီဘီ ကို ပြောပါတယ်။

အဲဒီပစ်ခတ်မှုဖြစ်တဲ့ အကြောင်းရင်းနဲ့  ထိခိုက်ဒဏ်ရာရတာရှိ မရှိ  အတည်ပြုလို့ မရသေးဘဲ တပ်ထဲမှာ သဘောထားကွဲလွဲပြီးတော့ ထွက်ပြေးဖို့ ကြိုးစားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းပြော ဆိုနေကြပါတယ်။

မကွေးလေတပ်စခန်းဌာနချုပ်မှာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတော့ လေယာဉ် အတက်အဆင်း ဆက်တိုက်များပြားခဲ့ပြီး  အခုရက်ပိုင်းတွေမှာ နည်းနည်းငြိမ်သွားတယ်လို့ သိရပါတယ်။

4 months Ago
Up