close

မကွေး လေတပ်စခန်း

close

August 8, 2021

မကွေး လေတပ်စခန်းတွင် ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲ

မကွေးမြို့၊ ကံပြားလမ်းပေါ်မှာရှိတဲ့ မကွေး လေတပ်စခန်းဝင်းထဲမှာ  ဩဂုတ် ဒီကနေ့ မနက် ၄ နာရီဝန်းကျင်က ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လေတပ်နားမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက “လေတပ်ထဲက နှစ်ခါပေါက်တာ အသံကြီးက အကျယ်ကြီးပဲ။ ဘာတွေပျက်စီးသွားလဲဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

ဒီဖောက်ခွဲမှုကို မဟာမိတ်တပ်ပေါင်းစုအဖွဲ့နဲ့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က “အခုဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ မဟာမိတ်တပ်ပေါင်းစုအဖွဲ့နဲ့ ကျုပ်တို့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်က ၈၈၈၈ လူထုအရေးတော်ပုံ ၃၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မကွေးလေတပ်စခန်းက လက်နှက်သိုလှောင်ရုံကို ဗုံးခွဲတိုက်ခိုက်တာ ဖြစ်တယ်။ အသေးစိတ်ကိုတော့ ထပ်မံထုတ်ပြန်ပေးပါမယ်” လို့ အတည်ပြုပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

မကွေးလေတပ်အတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်ကလည်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး အခုအကြိမ်ဗုံးပေါက်ကွဲတာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

59 seconds Ago
Up