close

မင်းကင်းမြို့

close

April 6, 2023

မင်းကင်းမြို့နယ် ပေါက်တောရွာကို စစ်တပ်က စီးနင်းပြီး PDF ရဲဘော် ၂ ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ယားကျေးရွာအနီး ပေါက်တော တောတိုက်ကို ဧပြီ ၅ ရက် ညနေ ၆ နာရီခွဲမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို ပစ်သတ်ခဲ့တယ်လို့ မင်း‌ကင်းဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံအမျိုးသမီးတဦးက “စစ်ကြောင်းဝင်တာကတော့ မနေ့ ညနေပိုင်းက ဝင်တယ်။ သူတို့ဝင်လာပြီး ကင်းလှည့်နေတဲ့ ကာကွယ်ရေးတပ်က ၂ ယောက်မိပြီး အသတ်ခံလိုက်ရတာ။ အသတ်ခံရတဲ့သူတွေက ဖိုးချစ် အသက် ၂၀ ကျော်၊ အောင်ဇော်လင်း အသက် ၃၀ ကျော် Chindwin Rainger Force အဖွဲ့က သူတွေပါ။ စစ်ကောင်စီက ချင်းတွင်းမြစ်ကမ်းဘေးမှာ သတ်ဖြတ်ထားတာကို ကျမတို့ ဒီနေ့မနက်ခင်းမှာ အလောင်းတွေ တွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။

တောင်ဖြူ၊ ပန်းဆက်ရွာက ပျူတွေနဲ့ စစ်သားတွေ ရိက္ခာပြတ်လပ်နေတာကြောင့် အနီးအနားက ရွာတွေကို အခုလိုဝင်စီးနင်းတာလို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ မင်းကင်းမြို့နယ်၊ တောင်ဖြူ၊ ပန်းဆက်ရွာကနေ တုံပါရွာကို ဆိုင်ကယ်တွေနဲ့ အထွက်ပြပြီး တောင်ဖြူကနေ စက်လှေနဲ့ ချင်းတွင်းမြစ်အတိုင်း ထွက်လာကာ ပေါက်တော တောတိုက်ကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ‌တပ်ကတော့ ပေါက်တော တောတိုက်ကနေ ပြည်သူတွေရဲ့ပစ္စည်းတွေကို စက်လှေသုံးစီးနဲ့ သယ်ဆောင်ပြီး ပြန်ထွက်ခွာသွားပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

3 mins Ago

September 30, 2022

မင်းကင်းမြို့အနီး အင်အားရစ်ချ်တာစကေး ၅ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့အနီး  အင်အားရစ်ချ်တာစကေး ၅ ဒသမ ၈  အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု စက်တင်ဘာ ၃၀ ရက်မနက်က လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။

ဒီနေ့မနက် မြန်မာစံတော်ချိန်  မနက် ၄ နာရီ၊ ၅၂ မိနစ်၊ ၃၆ စက္ကန့်အချိန် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်ဘက် ၄၁ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း  မင်းကင်းမြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၁၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၈)ဒီဂရီ၊ အနက် (၁၅၇) ကီလိုမီတာကို ဗဟိုပြုပြီး  မြေငလျင်လှုပ်ခတ်သွားတာလို့ဆိုပါတယ်။

ငလျင်ကြောင့်  ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မကြားသိရသေးပါဘူး။ 

6 months Ago
Up