close

မင်းတိုင်ပင်စံပြကျေးရွာအုပ်ချုပ်ရေးမှူ

close

September 15, 2021

ပုလဲမြို့နယ် မင်းတိုင်ပင်စံပြကျေးရွာအုပ်ချုပ်ရေးမှူးအိမ် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မင်းတိုင်ပင်စံပြကျေးရွာ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသာဓုရဲ့ နေအိမ် စက်တင်ဘာ ၁၄ ရက်‌နေ့ ၂ နာရီခွဲလောက်က မီးရှို့ခံလိုက်ရတယ်လို့ ဒေသံတွေဆီက သိရပါတယ်။

ဒေသခံရွာသားတဦးက "စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက ဒလန်ဆိုပြီး နာမည်ကြီးနေတာကြာပြီဗျ။  သူ့အိမ်က ဒီနေ့ ၂ နာရီခွဲလောက်က မီးရှို့ခံလိုက်ရတယ်။ ဘယ်သူတွေရှို့တာလဲတော့ မသိဘူး။ အဲလူကတော့ အသတ်ခံရမှာကြောက်လို့ ထွက်ပြေးတိမ်းရှောင်နေတာ။ နောက်ထပ်ပြည်သူ့သစ္စာဖောက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီသတင်းပေးပျူစောထီခေါင်းဆောင်များကို ထပ်မံရှင်းလိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတယ်ဗျ" လို့ ပြောပါတယ်။

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီသတင်းပေးတွေကို ပုလဲဂလန်ရှင်း‌လင်းရေးအဖွဲ့က ပြီခဲ့တဲ့ ဩဂုတ်လနဲ့ အခုစက်တင်ဘာလအထိ လိုက်လံရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

အခု စစ်ကောင်စီခန့် မင်းတိုင်ပင်စံပြကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ရှေ့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

2 mins Ago
Up