close

မင်းတုံးမြို့နယ်

close

September 22, 2021

မင်းတုန်းမြို့နယ်က မိုင်တဲလ်တာဝါတိုင်ကို PDF တပ်ဖွဲ့က မီးရှို့ဖျက်ဆီး

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် တောင်ဘက်ရွာက မိုင်တဲလ်တာဝါတိုင်တစ်ခုကို စက်တင်ဘာလ ၂၀ ရက်နေ့ညက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကံမမြို့နယ် PDF တပ်ဖွဲ့ကနေ သိရပါတယ်။

မင်းတုန်းမြို့နယ် တောင်ဘက်ရွာအနီးမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်တစ်တိုင်ကို သရက် PDF တပ်ဖွဲ့နဲ့ ကံမ PDF တပ်ဖွဲ့ ၂ ဖွဲ့ပေါင်းပြီး မီးရှို့ ဖျက်ဆီးခဲ့တာလို့ ကံမမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ကံမမြို့နယ် PDF တပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ အဓိက စီးပွားရေးတစ်ခုဖြစ်တဲ့ မိုင်တဲလ် တာဝါတိုင်ကို မီးရှို့ဖျက်ဆီးတာဖြစ်သလို့ စစ်ကောင်စီနဲ့ လက်ကိုင်ဒုတ်ဒလန်တွေ၊ ပျူစောထီးတွေ၊ ရဲတွေ၊ သူတို့နဲ့ ပတ်သက်ဆက်နွှယ်သူတွေနဲ့ အဆောက်ဦတွေကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

ကံမ PDF တပ်ဖွဲ့က စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေ တင်လာတဲ့ ဖောကားတစ်စီးကို ရေနံသာနဲ့ ကျောက်ပန်းတောင်းကြားမှာ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက်ဒဏ်ရာရပြီး ကားအင်ဂျင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

9 mins Ago
Up