close

မင်းသားကျကျေးရွာ

close

December 9, 2021

မြိုင်မြို့နယ် မင်းသားကျကျေးရွာကို စစ်တပ်ဝင်ရောက်စီးနင်းသဖြင့် ဒေသခံများ ထွက်ပြေး

မကွေးတိုင်း၊ မြိုင်မြို့နယ်က မင်းသားကျေးရွာကို  ဒီဇင်ဘာလ ၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းနေတဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးကြရတယ်လို့ သိရပါတယ်။

ထွက်ပြေးလာသူတဦးက ''ဒီနေ့မနက် ၅ နာရီလောက်က စစ်သားတွေအများကြီးပဲ စက်သေနတ်ပစ်ပစ်ဖောက်ပြီး ရွာထဲကိုဝင်လာတာ။ ရွာသားတွေ ကြောက်လို့ ပြေးကုန်ကြပြီ'' လို့ ပြောပါတယ်။

ကျေးရွာအတွင်း အသက်အရွယ်ကြီးတဲ့သူတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေသာ ကျန်ခဲ့ပြီး ကျေးရွာအတွင်း ကျန်ခဲ့တဲ့သူတွေကို နှိပ်စက်မှာနဲ့ ကျွဲနွားတွေကို သတ်ဖြတ်သယ်သူသွားကြမှာကို စိုးရိမ်နေကြတယ်လို့လည်း ထွက်ပြေးလာကြသူတွေဆီက သိရပါတယ်။

''စစ်သားတွေ ရွာထဲမှာလှည့်ပတ်နေတယ်။ သေနတ်တွေလည်းဖောက်တယ်။ တချို့အိမ်တွေထဲ တော့ ဝင်တယ်။ ကြောက်လို့ ထွက်မကြည့်ရဲဘူး။ နွားတွေ၊ ကြက်တွေ၊ ဝက်တွေဆွဲသွား သံတော့ကြားတယ်'' လို့ ကျေးရွာဒေသခံတဦးက ပြောဆိုပါတယ်။

မြိုင်မြို့နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းပြီး ဒေသခံကာကွယ်ရေးအဖွဲ့ တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေအထိနာပြီး သေဆုံးထိခိုက်ပျက်ဆီးမှုတွေ များပြားနေသလို စစ်ကောင်စီတပ်သားအင်အားတွေ တိုးမြှင့်ချထားနေတာတွေ ရှိနေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

2 mins Ago
Up