close

မင်္ဂလာစျေး

close

July 9, 2021

ခန္တီးမြို့တွင် စာသင်ကျောင်းများနှင့် မင်္ဂလာစျေးပိတ်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၂၇ ယောက်တွေ့ရှိပြီးနောက် မြို့ပေါ်ရှိ စာသင်ကျောင်းတွေနဲ့  မင်္ဂလာစျေးကို ပိတ်ထားလိုက်ပါတယ်။ 

ဒေသခံတစ်ဦးက “အခုက ခန္တီးမြို့မှာ ကိုဗစ်ကူးစက်တာများလာတယ်။ ကူးစက်သူ ၂၇ ယောက်ရှိတယ်။ ခန္တီးမြို့က စာသင်ကျောင်း နဲ့ မင်္ဂလာဈေးပိတ်လိုက်တယ် ပိုပြီးကူးစက်လာနိုင်တဲ့အတွက်။ ခန္တီးမြို့က ကူးစက်မှုများလာရင် ထိန်းလို့ရမယ့် အနေထားမဟုတ်ဘူး”လို့ပြောပါတယ်။ 

 ခန္တီးမြို့ဟာ ဝေးလံတဲ့ဒေသ ဖြစ်တာကြောင့် ဆေးဝါးတွေကအစ မပြည့်စုံဘဲ တခုခု လိုအပ်ပါက မန္တလေးကနေ လေယာဉ်နဲ့ ရေကြောင်းပဲ အသုံးပြု ပို့ဆောင်နေရကာ လက်ရှိမှာ ရေကြောင်းလည်း ပိတ်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ခန္တီးမြို့မှာ ကိုဗစ်တတိယလှိုင်းကာလ အတည်ပြုလူ  ၂၇ ယောက်ထိ ရောဂါကူးစက်ခဲ့ပြီး သေဆုံးသူမရှိသေးပါဘူး။ 

13 mins Ago
Up