close

မင်္ဂလာတောင်ညွန့်မြို့နယ်

close

September 14, 2022

မင်္ဂလာတောင်ညွန့်မြို့နယ်၌ ကားဆေးဘော်ဒီအလုပ်ရုံပိုင်ရှင် ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ ပုဇွန်တောင် မီးရထားဝင်းထဲမှာ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက ကားဆေးဘော်ဒီအလုပ်ရုံလုပ်ငန်းလုပ်ကိုင်တဲ့ ပိုင်ရှင်တယောက် သေနတ်နဲ့ ပစ် ခတ်ခံခဲ့ရပါတယ်။

ကိုဗိုက်နှင့်ညီများဆေးဘော်ဒီအလုပ်ရုံပိုင်ရှင် ဦးအောင်အောင်(ခ)ဟာရှင်ဟာ မီးရထားဝင်းအတွင်းရှိ သက်သာဆိုင်အဖြစ်ငှားရမ်းထားတဲ့ ဆေးဘော်ဒီလုပ်ငန်းမှာ အလုပ်လုပ်နေစဥ်  ညနေ ၄ နာရီဝန်းကျင်က အမည်မသိအမျိုးသားတယောက်က လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဦးအောင်အောင်(ခ)ဟာရှင်ဟာ ကျည်ထိမှန်ဒဏ်ရာ ခုနှစ်ချက်ရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ကျောကုန်းရယ်၊ ချိုင်းအောက်ရယ်၊ ခါးနဲ့လက်တွေမှာ ကျည်ထိမှန်ဒဏ်ရာတွေရတယ်။ စိုးရိမ်ရတဲ့အခြေအနေပါ ရန်ကုန်ဆေးရုံကြီးကို ပို့ထားတယ်"လို့ ရှင်းပြပါတယ်

အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘာကြောင့်ပစ်တယ် ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာ ဒီဗွီဘီ အနေနဲ့ သီးခြားအတည်ပြနိုင်ခြင်းမရှိပေ။

ရပ်ကွက်နေသူတယောက်က"အလုပ်သမားတွေလည်းရှိတယ်။ ပိုင်ရှင်ကိုပဲပစ်သွားတာ။ သူက ရဲတွေနဲ့တော့ ရင်းနှီးတယ်။ သတင်းပေး ဟုတ်မဟုတ်တော့ မသိဘူး။  သေနတ်သံ ရှစ်ချက်လောက်ရှိတယ်။”လို့ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ပုဇွန်တောင်မီးရထားဝင်းအတွင်း စစ်ကောင်စီတပ်တွေက စစ်ဆေးခဲ့တယ်လို့  မီးရထားဝင်းနေထိုင်သူတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှု ၁၅ ကြိမ်ဖြစ်ခဲ့ပြီး ရာအိမ်မှူး တယောက်နဲ့ အရပ်သားတယောက်သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

12 mins Ago

November 8, 2020

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်က မဲရုံတချို့ (ဓာတ်ပုံ)

ယာယီမဏ္ဍပ်တွေ ဆောက်ပြီး တလမ်းမှာ မဲရုံတရုံစီလုပ်ထားတာကြောင့် လူနည်းနေတာကို တွေ့ရပါတယ်။ မဲရုံတွေမှာလည်း ကျန်းမာရေးသတ်မှတ်ချက်တွေအတိုင်း ခပ်ခွာခွာတန်းစီ စောင့်ဆိုင်းဖို့ စီစဉ်ပေးထားပေမယ့် မဲရုံထဲမှာတော့ လူများသွားတာကြောင့် နီးကပ်နေတာကို တွေ့ရပါတယ်။
2 years Ago
Up