close

မင်္ဂလာဒုံတပ်မြို့

close

October 3, 2021

မင်္ဂလာဒုံတပ်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၃ ဦး နုတ်ထွက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ၃ ယောက် အောက်တိုဘာ ၃ ရက်မှာ နုတ်ထွက်စာတင်ထားတယ်လို့ သိရပါတယ်။

ထောက်ကြန့်အပိုင်းက ဧကရာဇ်ရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်နဲ့ နွယ်ခွေစံပြကျေးရွာတို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေဟာ ကျန်းမာရေး အကြောင်းပြချက်နဲ့ မြို့နယ်ထွေ/အုပ်ရုံးမှာ နုတ်ထွက်စာတင်လိုက်တာပါ။

မင်္ဂလာဒုံမြို့နယ်ဟာ စစ်တပ်တွေအများအပြား အခြေစိုက်တဲ့မြို့နယ်ဖြစ်ပေမဲ့   စစ်တပ် အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်လှုပ်ရှားတာတွေ အမြဲတမ်းရှိနေတဲ့ မြို့နယ်ဖြစ်ပါတယ်။

မင်္ဂလာဒုံမြို့နယ်က တော်လှန်ရေးလူငယ်အဖွဲ့တွေဟာ အကြမ်းဖက်စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ဖို့ သတိပေးပြီးတဲ့​နောက် အုပ်ချုပ်ရေးမှူး ၃ ဦး စပြီး နုတ်ထွက်စာတင်ခဲ့တာ ဖြစ်ပါတယ်။  

5 mins Ago
Up