close

မင်္ဂလာဒုံ ထွေအုပ်ရုံး

close

November 7, 2021

မရမ်းကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မင်္ဂလာဒုံထွေအုပ်ရုံး ပစ်ခံရသဖြင့် ၃ ဦး သေဆုံး၊ ၇ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း ၁ ရပ်ကွက်၊ သမိုင်းခုံးကျော်တံတားအောက်က မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်  အုပ်ချုပ်ရေးမှူးရုံး နိုဝင်ဘာ ၇ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ လောက်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

"အမှတ် ၁ ရပ်ကွက်ရုံးကို ဝင်ပစ်တာ။ အချက် ၂၀ လောက်ရှိမယ်။ ၃ ယောက် သေတယ်။ ဝင်ပစ်တဲ့သူတွေတော့ လွတ်သွားတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ရောက်လာပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးစီးဌာနရုံးမှာလည်း နိုဝင်ဘာ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်က ဂိတ်စောင့်စစ်သားတွေ စက်သေနတ်နဲ့ အတွဲလိုက်အပစ်ခံခဲ့ရတကြောင့် ၇ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

ရုံဝင်ပေါက်မှာရှိတဲ့ ကင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး၊ ထွေအုပ်အဖွဲ့ဝင် ၂ ဦးနဲ့ ရုံးနားမှာ ဈေးရောင်းတဲ့  အမျိုးသမီး ၁ ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိသွားတယ်လို့  နီးစပ်သူတစ်ဦးက  ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထဲမှာ ဦးခေါင်းနဲ့ လည်ပင်း ထိမှန်ခဲ့သူ နှစ်ဦး စိုးရိမ်ရပြီး ကျန်နှစ်ဦးမှာ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ဒီနေ့ ရန်ကုန်မှာ အုပ်ချုပ်ရေးမှုးရုံးတွေအပါအဝင် နေရာအတော်များများ စက်သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်မှုတွေ ရှိသလို နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

11 hours Ago

မင်္ဂလာဒုံ ထွေအုပ်ရုံး ဂိတ်စောင့်စစ်သားများ စက်သေနတ်ဖြင့် အတွဲလိုက်အပစ်ခံရ

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးစီးဌာနရုံးက ဂိတ်စောင့်စစ်သားတွေ နိုဝင်ဘာ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်က စက်သေနတ်နဲ့ အတွဲလိုက်အပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖြစ်စဉ်မှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီခွဲဝန်းကျင်က မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ Terminal ဆီဆိုင်အကြားရှိ ဂိတ်စောင့်နေတဲ့ စစ်သားတွေကို တက္ကစီကားပေါ်မှ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ဒီကနေ့မနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၃၃ နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးပြီးဆုံးပြီး ထမင်းစားနေချိန်မှ ဂိတ်စောင့် စစ်သားတွေကို ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

ပစ်ခတ်တာကြောင့် အစောင့် စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကာ သန့်ရှင်းရေးအကူအမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးနိုင်ခြေရှိတယ်လို့ လတ်တလောသတင်းတွေအရ သိရပြီး လက်ရှိအချိန်အထိ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

နေ့လယ် ၁ နာရီခွဲလောက်ကလည်း တပ်ရင်း ၉ နဲ့ လန်ဒန်စက်ရုံအကြားမှာ ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်တွေက မင်္ဂလာဒုံအဝင်အထွက် အမှတ် (၃) လမ်း‌မ‌တလျှောက်နဲ့ ထောက်ကြန့်မြို့တွေမှာ ပိတ်ဆို့ ရှာဖွေနေမှုတွေ ပြုလုပ်နေပြီး ဆိုင်ကယ်ကယ်ရီဂိတ်တွေကိုလည်း ရမ်းကားနေတယ်လို့ သိရပါတယ်။

12 hours Ago
Up