close

မစ်ဆူဘီရှီဖလား

close

January 17, 2023

AFF မစ်ဆူဘီရှီဖလားပြိုင်ပွဲတွင် ထိုင်းအသင်း ထပ်မံဗိုလ်စွဲ 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇန်နဝါရီ ၁၆ ရက် မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ AFF မစ်ဆူဘီရှီဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ ဒုတိယ အကျော့မှာ ထိုင်းအသင်းက ဗီယက်နမ်အသင်းကို (၁-၀) နဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။

ထိုင်းအသင်းဟာ အိမ်ကွင်းပရိတ်သတ်ရှေ့မှာ ပွဲကိုထိန်းချုပ် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဗီယက်နမ်အသင်းထက် ဘောလုံးပိုင်ဆိုင်မှုရော ဂိုး ပေါက်ကန်သွင်းခွင့်တွေပါ ပိုမိုရရှိခဲ့ကာ တလုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်း ပွဲချိန် ၂၄ မိနစ်မှာ ထိုင်းအသင်းခေါင်းဆောင် ဝါရင့်ကစားသမား သီရာသွန်ဘန်မာသန်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဗီယက်နမ်မှာကန်ခဲ့တဲ့ ဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်တုန်းက ထိုင်းနဲ့ ဗီယက်နမ်တို့ တဖက် ၂ ဂိုးစီသရေကျထားပြီး နှစ်ကျော့ပေါင်း ရလဒ်  (၃-၂ )ဂိုးနဲ့ ထိုင်းအသင်းက အနိုင်ရကာ  AFF ဖလားကို ၇ ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆုဖလားချီးမြှင့်ပွဲမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုကိုယ်တိုင် လာရောက် ဆုမြှင့်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအသင်းကတော့ နိုင်ပွဲမရှိဘဲ အုပ်စုအဆင့်ကနေ ထွက်သွားခဲ့ရတာ ဖြစ်ပါတယ်။

4 hours Ago
Up