close

မတရားဖမ်းဆီးခံရသူ

close

October 19, 2021

မတရားဖမ်းဆီးခံရသူ ၁၅၆ ဦး ရွှေဘိုအကျဉ်းထောင်မှ ထပ်မံလွတ်မြောက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်အတွင်းက တရားရင်ဆိုင်ရဆဲ မတရားဖမ်းဆီးခံရသူ ၁၅၆ ဦးကို အောက်တိုဘာ ၁၉ ရက်နေ့က နှစ်သုတ်ခွဲပြီး လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

မြို့ခံတစ်ဦးက “မနက်ပိုင်း ၁၂၆ ဦး လွှတ်ပေးလိုက်တယ်။ ညနေပိုင်းမှာ ၃၀ ဦးပေါ့။ ဒါက မတရားဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရဆဲတွေပါ” လို့ ပြောပါတယ်။

ရွှေဘိုအကျဉ်းထောင်ကနေ အောက်တိုဘာ ၁၈ ရက်ညနေပိုင်းက စတင်လွှတ်ပေးခဲ့တာဖြစ်ကာ စုစုပေါင်း ၁၈၃ ဦးရှိသွားပြီဖြစ်ပြီး နောက်ရက်မှာလည်း ထပ်မံလွှတ်ပေးသွားမယ်လို့ သိရပါတယ်။

အကျဉ်းထောင်ရှေ့ လုံခြုံရေးရဲတွေက အကျဉ်းသား လွတ်မြောက်မှုတွေကို မှတ်တမ်းဓာတ်ပုံရိုက်တဲ့သူတွေဆီကနေ ဖုန်းတွေယူ ဓာတ်ပုံတွေ ဖျက်ပြီး ပြန်ပေးတယ်လို့လည်း သိရပါတယ်။

12 hours Ago
Up