close

မတရားဖမ်းဆီးထားသူ

close

October 19, 2021

၅၀၅ (က) ဖြင့် မတရားဖမ်းဆီးထားသူ ၂၀၀ ကျော် မကွေးဒေါင်းနေအကျဉ်းထောင်မှ ပြန်လွတ်

မကွေးမြို့ ဒေါင်းနေအကျဉ်းထောင်ကနေ ဒီကနေ့  အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အကြမ်းဖက်စစ်ကောင်စီက မတရားအမှုဖွင့်ပြီး ချုပ်နှောင်ခံထားရသူ ၂၀၀ ကျော် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ပညာရှင်တဦးက ''ပြန်လွှတ်တဲ့သူ အားလုံးက ၅၀၅ (က) နဲ့ အမှုဖွင့်ပြီး မတရားဖမ်းဆီးထားတဲ့သူတွေချည်းပဲ။ အထဲမှာ မတရားချုပ်နှောင်ထားပြီး ကျန်ခဲ့တဲ့သူတွေအတွက် ကျနော်တို့ မပျော်နိုင်ဘူး။ အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းထားတဲ့သ‌ေတွေအားလုံးကို ခြွင်းချက်မရှိပြန်လွှတ်ပေးပြီး ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲပြန်ပေးဖို့ တောင်းဆိုချင်တယ်။ ပြည်သူအားလုံးအနေနဲ့ မြန်မာပြည်ကြီးမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီပန်းတိုင်အမြန်ဆုံးရောက်အောင် လက်တွဲမဖြုတ်တန်း ဆက်လက် တိုက်ပွဲဝင်ကြဖို့ ပန်ကြားလိုပါတယ်'' လို့ ပြေပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ မကွေးဒေါင်းနေအကျဉ်းထောင်ကနေ ၅၀၅ (က) နဲ့ တရားစွဲခံရသူ ၂၀၀ ကျော်လွှတ်ပေးပြီး မနက်ဖြန်မှာ ၁၀၀ ကျော်ထပ်လွှတ်မယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေဟာ နောက်နောင်မှာ တည်ဆဲဥပဒေပုဒ်မတခုခုနဲ့ ပြစ်ဒဏ်ကျခံရပါက အခုကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ပြန်လည်ကျခံရမယ့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အရ ခံဝန်လက်မှတ်ရေးထိုးပြီးမှ ပြန်လွှတ်ပေးတာလိုက်တာဖြစ်တယ်လို့ လွတ်မြောက်လာသူတွေဆီက သိရပါတယ်။

မနေ့က အောက်တိုဘာ ၁၈ ရက်နေ့က ဒေါင်းနေထောင်ကနေ ၂၀၁၅ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ မကွေးမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံထားရသူ ဦးမြင့်ဦး အပါအဝင် ၃ ဦး ပြန်လည်လွတ်မြောက်လာပြီလည်း ဖြစ်ပါတယ်။

4 mins Ago
Up