close

မတူပီမြို့နယ်တိုက်ပွဲ

close

September 24, 2022

မတူပီမြို့နယ်တိုက်ပွဲ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

မတူပီမြို့နယ်မှာ စက်တင်ဘာလ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်းနဲ့ CDF-မတူပီတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ CDF-မတူပီကက ပြောပါတယ်။

မတူပီ-ဟားခါးလမ်းဘက်ကို နယ်မြေချင်းလင်းဖို့ လာတဲ့ အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်း ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ပြောပါတယ်။

“နှစ်ဘက်အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားချိန်ကတော့ နာရီဝက်လောက်ရှိမယ်။ သူတို့ ဘက်က ပြန်ဆုတ်သွားသလို ရဲဘော်တွေလည်း အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့တယ်။”

နှစ်ဖက်တပ်တွေကတော့ ခဏပဲ ဆုတ်ခွာထားကြပြီး မတူပီ-ဟာခါးလမ်း စစ်မြေပြင်မှာဘဲ ရှိနေကြကာ အချိန်မရွေးတိုက်ပွဲတွေ ဖြစ်လာနိုင်လို့ မိဘ ပြည်သူတွေအနေနဲ့ မတူပီ-ဟားခါး လမ်းပိုင်းကို ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

မတူပီမြို့နယ်မှာ စက်တင်ဘာ ၁၉ ရက်ညနေပိုင်းကလည်း စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတခုကို CDF-မတူပီက စီးနင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ၈ ယောက်က ဒဏ်ရာ ရခဲ့တယ်လို့  သိရပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို  သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

3 hours Ago

April 22, 2022

မတူပီမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၆ ဦးသေ၊ ၇ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ဧပြီ ၂၂ ရက်က CDF-မတူပီနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးကာ ၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မတူပီကနေ သိရပါတယ်။

မတူပီ-ပလက်ဝလမ်းပေါ် ထယ်ဘွေးတပ်စခန်းဘက်ကို အင်အားဖြည့်ဖို့ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒီကနေ့မနက် ၈ နာရီကျော်လောက်က မိုင်တိုင်အမှတ် (၁၆) နားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“နှစ်ဘက်တိုက်ပွဲအတွင်းမှာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပေမဲ့ ကျနော်တို့ CDF-မတူပီက ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။ မတူပီးမြို့နယ်ထဲက CDF-မတူပီနယ်မြေတွေကို စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းဖြည်တင်းနေလို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့ အတွက် CDF ရဲဘော်တွေအတွက် ဆုတောင်းသတိရပေးကြဖို့ တိုက်တွန်းထားပါတယ်။”

စစ်ကောင်စီ စစ်ကြောင်းတွေ ရွာတွေကိုဝင်မွှေပြီး မီးရှို့ဖျက်ဆီး တွေ့သမျှလူတွေကို လိုက်လံ ဖမ်ဆီးသတ်ဖြတ်တာတွေလုပ်တာကြောင့် ဒေသခံရွာသားတွေ ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးပုန်းအောင်နေရတယ်။

ပြည်သူတွေမရှိတဲ့ အချိန်မှာလည်း စစ်ကောင်စီတပ်က အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ကြသလို နေအိမ်မှာကျန်ခဲ့တဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုလည်း ခိုးယူသွားကြတယ်လို့ ထယ်ဘွေးရွာ ဒေသခံတစ်ယောက်ကပြောပါတယ်။

မတူပီ-မင်းတပ်လမ်းပေါ် လည်မျိုချောင်းဆုံမှာလည်း ဧပြီလ ၂၀ ရက်နေ့က CDF-မတူပီနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးကာ ၅ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

5 months Ago
Up