close

မတူပီ

close

May 12, 2023

မတူပီမြို့အနီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၆ ရှိမြေငလျင်လှုပ်

ချင်းပြည်နယ်၊ မတူပီမြို့အနီး မေလ ၁၂ ရက် မနက်က  အင်အားရစ်ချ် တာစကေး ၄ ဒသမ ၆ ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

မြန်မာစံတော်ချိန် ဒီနေ့မနက် ၃ နာရီ၊ ၁၄ မိနစ်၊ ၅၅ စက္ကန့် အချိန်က ဟားခါးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၇၃ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း မတူပီမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၂၁  မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၆၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၁၂ ဒီဂရီ၊ အနက် ၇၁ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှား သွားတာလို့ ဆိုပါတယ်။

အဆိုပါ မြေငလျင်ကြောင့် ထိခိုက် ပျက်စီးမှု အခြေအနေ သတင်းတွေကတော့ မကြားသိရသေးပါဘူး။

4 mins Ago

March 26, 2023

မတူပီမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၃ ဦး သေဆုံး၊ CDF ရဲဘော် ၁ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ မတ် ၂၄ ရက်က ရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၃ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရခဲ့ပြီး CDF ရဲဘော် ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့  CDF-မတူပီကနေ သိရပါတယ်။

ထယ်ဘွေးစခန်းကို ရိက္ခာလာဖြည့်တဲ့ စစ်ကောင်စီစစ်ကြောင်းကို အဲဒီနေ့ မနက်ပိုင်းက မတူပီ-ပလက်ဝလမ်း မိုင်တိုင်အမှတ် ၁၄ နဲ့ ၁၅ ကြားမှာ CNAနဲ့ ပူးပေါင်းကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ လို့ ၇ ယောက် သေဆုံးခဲ့တယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ပြောပါတယ်။

ဒါ့အပြင် မတူပီ-ပလက်ဝ ကားလမ်းပေါ်မှာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားရာမှာ စစ်တပ်က ၆ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာ ရရှိပြီး CDF ရဲဘော် တယောက် ဒဏ်ရာ ရရှိခဲ့လို့ ပြန်လည် ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

မတူပီ-ပလက်ဝလမ်း ဝါပုန်းလမ်းခွဲနားမှာ စစ်တပ်က နင်းမိုင်းတွေ ထောင်ထားတာကြောင့် ပြည်သူတွေအနေနဲ့ CDF-မတူပီက မိုင်းရှင်းပြီးမှသာ ဖြတ်သန်းသွားလာကြဖို့ သတိပေးထားပါတယ်။

မတူပီမြို့နယ်မှာ မတ် ၂၂ မနက်ပိုင်းမှာလည်း ရိက္ခာတွေလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၆ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မတူပီက သိရပါတယ်။

အဆိုပါတိုက်ပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးသလို ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

2 months Ago
Up