ပီရူးနိုင်ငံက ရွှေမိုင်းတွင်း တစ်ခုမှာ ဧပြီ ၆ ရက်က မီးလောင်မှုဖြစ်ခဲ့တာကြောင့် အလုပ်သမား ၂၇ ဦး သေဆုံးခဲ့ပြီး ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း နိုင်ငံတွင်း အသေအပျောက်အများဆုံး မိုင်းတွင်း မတော်တဆမှုဖြစ်လာပါတယ်။
ဧပြီ ၆ ရက် မနက်အစောပိုင်းက ပီရူးနိုင်ငံတောင်ပိုင်း အာရီကီပါဒေသမှာ ဝါယာရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာအစိုးရက ပြောကြားခဲ့ပြီး ဆိုရှယ်မီဒီယာက ဓာတ်ပုံ တွေမှာတော့ မိုင်းတွင်းကနေ မီးခိုးလုံးတွေ ထွက်လာတာကို တွေ့ရပါတယ်။
"ရာနာကီဟူရ ရဲစခန်းက သေဆုံးသူ ၂၇ ရှိကြောင်းအတည်ပြုထားတယ်" လို့ ဒေသဆိုင်ရာအစိုးရ ရှေ့နေ ဂိုဗနီ မာတို့စ် က ဧပြီ ၇ ရက်မှာ ဒေသဆိုင်ရာရုပ်သံကို ပြောကြားခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားပြီးနောက် မိုင်းတွင်းပိုင်ရှင်ကိုအကူအညီတောင်းခံခဲ့တယ်လို့လဲ အာရီကီပါ အစိုးရက ပြောပါတယ်။
ဒေသစံတော်ချိန် မွန်းတည့်ချိန်မှာတော့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက အခင်းဖြစ်ပွားရာ နေရာကို ရောက်ရှိလာခဲ့ပြီး ကယ်ဆယ်ရေးလုပ်သား ၃ ဦးအပါအဝင် ဒဏ်ရာရသူတွေကို ကုသ ပေးနေကြောင်း ဒေသခံအစိုးရက ဆိုပါတယ်။
ပီရူးနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း ရွှေထုတ်လုပ်သူဖြစ်ပြီး ဒုတိယအကြီးဆုံးကြေးနီးထုတ်လုပ်ကာ စွမ်းအင်နဲ့ သတ္တုတွင်းဝန်ကြီးဌာနရဲ့ အချက်အလက်အရ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း အသေအပျောက်အများဆုံး သတ္တုတွင်း မတော်တဆမှုဖြစ်ကြောင်းသိရပါတယ်။
၂၀၂၂ခုနှစ်မှာ နိုင်ငံတဝန်း မိုင်မတော်တဆမှုကြောင့် လူ ၃၈ ဦး သေဆုံးခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ မိုင်းမတော်တဆမှု အမျိုးမျိုးကြောင့် လူ ၇၃ ဦး သေဆုံးခဲ့ကာ သေဆုံးမှု အများဆုံးနှစ် ဖြစ်ခဲ့ပါတယ်။
Source - Sky News
ဟောင်ကောင်ယောက်ျားလေးဂီတအဖွဲ့ Mirror ရဲ့ ဖျော်ဖြေပွဲတရပ်မှာ စင်မြင့်ပေါ်ကို ဗီဒီယို ဘောင်တခု ပြုတ်ကျခဲ့လို့ အကသမား နှစ်ယောက် ထက်မနည်း ဒဏ်ရာရခဲ့ပြီး တစ်ဦးက ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။
ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုထဲမှာတော့ ဇူလိုင် ၂၈ ရက်မှာ တီးဝိုင်းကဖျော်ဖြေ နေတုန်း အကသမားအပေါ် ဗီဒီယိုဘောင်တခု ပြုတ်ကျနေတာကို တွေ့ရပါတယ်။
ပရိသတ် သုံးယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဟောင်ကောင် မီဒီယာတွေ က ဖော်ပြခဲ့ပါတယ်။
ဗစ်တိုးရီးယားဆိပ်ကမ်းဘေးမှာရှိပြီး ဟောင်ကောင် Coliseum မှာ ဖျော်ဖြေမယ့် Mirror အဖွဲ့ဝင် ၁၂ ဦးအနက် တစ်ဦးမှ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။ ဖျော်ဖြေပွဲ ၁၂ ပွဲကျင်းပမယ့် တီးဝိုင်းကို နောက်လာမယ့် ဖျော်ဖြေပွဲတွေ ရွှေ့ဆိုင်းထားဖို့ ဟောင်ကောင် အာဏာပိုင်တွေက အမိန့်ပေးခဲ့ပါတယ်။
စင်မြင့်တည်ဆောက်မှုတွေ လုံခြုံတယ်လို့ ယူဆတဲ့ အချိန်အထိ ကွင်းထဲက ရှိုးပွဲတွေကို ဆိုင်းငံ့ထားတယ်လို့ ယဉ်ကျေးမှုအတွင်းဝန် ကီဗင်ယီအန်းက ပြောပါတယ်။
Mirror ပရိသတ် ၁၃၀၀၀ ကျော်က ပြဿနာတွေကို ဖြေရှင်းဖို့၊ လူတိုင်းဘေးကင်းစေဖို့ ဖျော်ဖြေပွဲ စီစဉ်သူကို တောင်းဆိုတဲ့ အွန်လိုင်းအသနားခံစာ တစ်စောင်ကို လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။
ဟောင်ကောင်သူဌေးကြီး ရစ်ချတ်လီရဲ့ PCCW Media Groupက ပိုင်ဆိုင်တဲ့ ဖျော်ဖြေပွဲကို စီစဉ်သူ မာကာဗီလ်လီက အဆိုပါ မတော်တဆမှုကို သေသေချာချာ စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောခဲ့ပါတယ်။