close

မတ္တရားမြို့နယ်

close

January 25, 2022

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာတောင်ဘက် နှောပင်နတ်စင်အနီးမှာ ဇန်နဝါရီ ၂၄ ရက် ည ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

မန္တလေး မိုးကုတ်ကားလမ်းအတိုင်း တောင်ကနေ မြောက်ကို မောင်းနှင်လာတဲ့ စစ်ကား ၅ စီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရတာဖြစ်ပြီး ကားတစ်စီးထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ညဘက် မိုင်ဆွဲခံရတာ။ ကားအသေးတစ်စီးတော့ ထိခိုက်သွားတယ်။ အသေအပျောက်နဲ့ ဒဏ်ရာရအခြေကိုတော့တိတိကျကျမသိရဘူး။”လို့ မတ္တရာမြို့နယ်နေ ပြည်သူတစ်ဦး က ဆိုပါတယ်။

ဇန်နဝါရီ ၁၇ ရက် ကလည်း မတ္တရာမြို့နယ် သပြေပင်ကုန်းကျေးရွာနဲ့ မြောင်းသစ်ကျေးရွာအကြားမှာ စစ်ကောင်စီယာဉ်တန်းကို မတ္တရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်ဆွဲတိုက်ခိုက်ခံခဲ့ပါသေးတယ်။

1 min Ago
Up